တောင်ကိုရီးယားနာမည်ကြီး အဆိုတော်ဖြစ်တဲ့ Blackpink အဖွဲ့ဝင် Jennie ရဲ့ လေဆိပ်အဝင် ဗီဒီယိုဟာ ပရိသတ်တွေ ကြားမှာ စိတ်ဝင်စားမှု မြင့်တက်နေခဲ့ပါတယ်။ အဆိုပါ ဗီဒီယိုထဲမှာ Jennie က အမေရိကားကနေ တောင်ကိုရီးယားကို အင်ချွန်းလေဆိပ်ကနေတစ်ဆင့် ပြန်လာတာဖြစ်ပါတယ်။ 

Google 

Jennie က အမေရိကန်နိုင်ငံမှာ ကျင်းပတဲ့ 2022 MTV Video Music Awards ဆုပေးပွဲကနေ သူမရဲ့ အချိန်စာရင်းအတိုင်း ကိုရီးယားကို ပြန်လာခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုထဲမှာ Jennie က လေဆိပ်ကို ရောက်ရောက်ချင်း ပရိသတ်တွေနဲ့သတင်းထောက်တွေကို နှုတ်ဆက်နေခဲ့တာဖြစ်ပါတယ်။ စိတ်ပါလက်ပါနဲ့ နှုတ်ဆက်နေခဲ့ပေမယ့်လည်းJennie ရဲ့ ခန္ဓာကိုယ်က ပင်ပန်းနေတဲ့ ပုံစံဖြစ်နေပါတယ်။ သူမရဲ့ မျက်နှာဟာဆိုရင်လည်း အရင်ကထက်ပိုပြီး ဖြူလျော့နေပြီး စိတ်ညစ်နေတဲ့ ပုံစံပေါက်နေပါတယ်။ 

Google 
Google 
Google 

Jennie က သူမရဲ့စိတ်ထဲမှာ ဝန်ထုပ် ဝန်ပိုးတစ်ခု ရှိနေတဲ့ ပုံစံမျိုး မျက်မှောင်ကြုတ်နေပြီး မျက်နှာကိုလည်း လက်နဲ့အုပ်ထားပါတယ်။ Jennie ရဲ့ စိတ်မကောင်းဖြစ်နေတဲ့ ပုံရိပ်ကို Netizen တစ်ယောက်က အခုလိုမျိုး မှတ်ချက်ဝင်ရေးပေးထားပါတယ်။ 

Google 
Google 
Google 

“Jennie ရဲ့ ပုံစံက ဘယ်လိုပဲ သန်မာနေတဲ့ ပုံစံ ပေါက်နေပါစေ ဖိအားတွေ အရမ်းများနေမှာပဲ .. ဘာလို့ဆိုကောလာဟလဓာတ်ပုံတွေက နေ့တိုင်းပြန့်နေတော့ စိတ်ညစ်နေမှာပေါ့ .. Jennie လေး ကောင်းကောင်း အနားယူရပါစေ .. ” 

Google 

တောင်ကိုရီးယား နာမည်ကြီး တစ်ယောက်ဖြစ်တဲ့ Jennie ဟာဆိုရင် မကြာသေးမီက BTS အဖွဲ့ဝင် V နဲ့ ချိန်းတွေ့နေတယ်ဆိုပြီး ကောလာဟလ သတင်းတွေ ထွက်ရှိထားတာဖြစ်ပါတယ်။ 

YouTube 

ပျံ့နှံ့လာတဲ့ ဓာတ်ပုံတွေနဲ့ ပတ်သက်ပြီးလက်ရှိ အချိန်အထိ နှစ်ဖက် အေဂျင်စီတွေက အတည်ပြုချက် မပေးရသေးပေမယ့် ကာယကံရှင် အိုင်လ်ဒေါJennie လေးကတော့ အရမ်းကို ဖိအားများနေပြီး စိတ်ညစ်နေတဲ့ ပုံစံ ဖြစ်နေပါတယ်။

Google 
Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။