ထိုင်းနိုင်ငံက နာမည်ကြီး ဆယ်လီတစ်ယောက်ဖြစ်တဲ့ Nutty ဆိုတဲ့ အမျိုးသမီးဟာ လူပေါင်း ၆၀၀၀ ကျော်ဆီကနေ ဘတ်ငွေ ၂ ဘီလီယံကျော် လိမ်ညာသွားတယ်လို့ သိရပါတယ်။ 

Google 

Nutty က အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်ပြီးဖော်လိုဝါ ၈ သိန်းကို Forex မှာ ရင်းနှီးမြုပ်နှံဖို့အတွက် တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ လွန်ခဲ့ ၅ လတုန်းကNutty က ၃ လအတွင်း အမြတ်ငွေ၂၅ ရာခိုင်နှုန်း ၊ ၆ လအတွင်း အမြတ်ငွေ ၃၀ ရာခိုင်နှုန်း ၊ ၁၂ လအတွင်းအမြတ်ငွေ ၃၅ ရာခိုင်နှုန်း ပြန်ပေးမယ်လို့ ကတိပေးပြီး ရင်းနှီးမြုပ်နှံသူတွေကို ဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။

Google 
Google 
Google 

ရင်းနှီးမြုပ်နှံသူတွေက ဘာအကျိုး အမြတ်မှ ပြန်ပြီး မရခဲ့တဲ့အတွက် သက်ဆိုင်ရာကို တိုင်တန်းခဲ့ပြီး တရားစွဲဖို့လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ အခြားသူတွေဆီကနေ ငွေကြေး ၂ ဘီလီယံကျော်အထိ ရရှိပြီးသွားတဲ့နောက်မှာ Nutty က သတင်းအစအန ပျောက်သွားခဲ့တယ်လို့ သိရပါတယ်။ Nutty က လက်ရှိမှာ မလေးရှားနိုင်ငံကိုရောက်ရှိနေတယ်လို့ Facebook ရဲ့ သတင်းရင်းမြစ်တွေ အရ သိရပါတယ်။ 

Google 

Nutty က ကြီးမားတဲ့ငွေကြေးအမှားအယွင်းတစ်ခုကြောင့် ငွေကြေးတွေ အားလုံး ဆုံးရှုံးခဲ့ရပေမယ့် ရင်းနှီးမြုပ်နှံသူတွေရဲ့ ငွေကြေးတွေအားလုံး ပြန်ပေးမယ်လို့ ကတိပေးခဲ့ဖူးပါတယ်။ 

Google 

ဒါပေမယ့်လည်း လက်ရှိမှာ ကတိမတည်နိုင်ဘဲ ထွက်ပြေးနေတာကြောင့် သူမကို ပြစ်တင်ထားတဲ့သူတွေ အများကြီးပဲ ဖြစ်ပါတယ် ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။