တောင်ကိုရီးယား သရုပ်ဆောင် နှစ်ဦးဖြစ်တဲ့ ဟွန်ဘင်းနဲ့ဆွန်ရီဂျင်းတို့ ဟာ ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့ကလက်ထပ်ခဲ့ကြတဲ့ အနုပညာရှင် စုံတွဲလေးဖြစ်ပါတယ်။ လက်ရှိမှာဆိုရင်တော့ တောင်ကိုရီးယားမင်းသမီး ဆွန်ရီဂျင်းက ရင်သွေးလေး လွယ်ထားရပြီး ဟွန်ဘင်းကလည်း အဖေ တစ်ယောက် ဖြစ်တော့မှာ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ လေ့လာစောင့်ကြည့်မှုတွေအရ ဟွန်ဘင်းရဲ့ အပြုံးတွေက အိမ်ထောင်ကျပြီးမှ ပိုပြီးပြောင်းလဲလာခဲ့တယ်လို့သိရပါတယ်။ ပိုပြီး ထူးခြားတာက ပြောင်းလဲလာတဲ့ ဟွန်ဘင်းရဲ့ အပြုံးတွေက တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို ဆွန်ရီဂျင်းနဲ့ သွားပြီတူနေတာဖြစ်ပါတယ်။ 

Google 

ဆွန်ရီဂျင်းနဲ့ အပြုံးချင်း သွားပြီးတူနေတဲ့ ဟွန်ဘင်းရဲ့ ဓာတ်ပုံတွေက Confidential Assignment 2: International ဇာတ်လမ်း မိတ်ဆက်ပွဲကို တက်ရောက်လာတဲ့ ဓာတ်ပုံတွေ ဖြစ်ပါတယ်။ အဆိုပါ ဓာတ်ပုံထဲမှာ ဟွန်ဘင်းကအရည်ပျော်ကျတော့မတတ် ပြုံးနေပါတယ်။ ဟွန်ဘင်းပြုံးနေတဲ့ ဓာတ်ပုံက ဇနီးဖြစ်သူ ဆွန်ရီဂျင်း ပြုံးနေတဲ့ ပုံနဲ့တူလွန်းတာကြောင့် ပရိသတ်တွေ အားလုံး အံ့အား သင့်ခဲ့ကြရပါတယ်။ 

Google 

အပြုံးတူသွားတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး Netizen တွေက အခုလို မှတ်ချက်လေးတွေ ပေးထားကြပါတယ်။ 

“တကယ် အတူတူပဲ .. ဟွန်ဘင်းပြုံးတာ အရင်က အဲဒီလို မဟုတ်ပါဘူး။ အခုက မျက်လုံးထောင့်နားက ကြွက်သားလေးတွေကိုပါတွေ့ရတယ်။ လင်မယားတွေ တော်တော်တူကြတာပဲ” “ချစ်မိသွားရင် မျက်နှာတူလာကြတယ် ဆိုတဲ့စကားပုံတောင် ရှိသေးတာပဲ မဟုတ်လား ..ထူးခြားလိုက်တာနော် .. ”  

Google 
Google 

တောင်ကိုရီးယားမင်းသား ဟွန်ဘင်းနဲ့ ဆွန်ရီဂျင်းတို့က အရမ်းကို ချစ်ဖို့ကောင်းတဲ့ စုံတွဲလေးဖြစ်ပြီး ပရိသတ်တွေရဲ့ အချစ်တွေ များစွာကိုလည်း ရရှိပိုင်ဆိုင်ထားတဲ့ စုံတွဲလေး ဖြစ်ပါတယ်။ 

Google 

သူတို့ နှစ်ဦးတို့က အိမ်ထောင်ကျသွားပေမယ့်လည်း အလုပ်တွေ ကိုယ်စီ လုပ်ဆောင်နေကြပြီး တာဝန် မပျက်မကွက်ဘဲ ရှိနေကြတုန်း ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။