တောင်ကိုရီးယားမင်းသမီး Park Chae-rim ဟာဆိုရင် ဆည်းဆာရင်ခုန်သံ ဇာတ်လမ်းတွဲထဲက ဂျင်ဆန်းမီအဖြစ်နဲ့ပရိသတ်တွေရဲ့ အားပေးခြင်းကို တခဲနက် ရရှိခဲ့သူလေးဖြစ်ပါတယ်။ Park Chae-rim ဟာ ကိုရီးယားနိုင်ငံမှာအောင်မြင်တဲ့ မင်းသမီး ဖြစ်ခဲ့ရုံသာမက တရုတ်ပြည်မှာလည်း နာမည်တော်တော် ကြီးခဲ့တဲ့ မင်းသမီးဖြစ်ပါတယ်။ 

Google 

Park Chae-rim က တောင်ကိုရီးယားက ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းပြီးတဲ့နောက်မှာ တရုတ်ပြည်က နာမည်ကြီးမင်းသား Jiame Gao နဲ့ ဒုတိယအကြိမ် လက်ထပ်ခဲ့ပြီး တရုတ်ပြည်မှာနေထိုင်ခဲ့ပါတယ်။

Google 
Google 
Google 
Google 

 ဒုတိယ အိမ်ထောင်နဲ့လည်း ကွာရှင်းခဲ့ရပြန်တဲ့ Park Chae-rim ဟာ ကွာရှင်းပြီးတဲ့နောက်မှာ သားလေးကို လက်ဆွဲပြီး တောင်ကိုရီးယားကို ပြန်လာခဲ့ပါတယ်။ Park Chae-rim က သူမရဲ့ သားလေးကို အသက်လောက်ချစ်ပြီး သားလေး ပျော်ရွှင်ဖို့ ကအရာရာလို့ ဆိုခဲ့တဲ့ သူဖြစ်ပါတယ်။ 

Google 

Park Chae-rim က တောင်ကိုရီးယားကို ပြန်ရောက်ပြီးတဲ့နောက်မှာ အနုပညာအလုပ်တွေ မလုပ်တော့ပဲ သူမရဲ့သားလေးကိုသာ အချိန်ပေးပြီး ဂရုစိုက်ပေးနေခဲ့ပါတယ်။ လက်ရှိမှာ Park Chae-rim က သူမရဲ့သားလေးနဲ့အတူတူ ဂျယ်ဂျူကျွန်းကို ရောက်ရှိနေတာဖြစ်ပါတယ်။ 

Instagram 
Instagram 

Park Chae-rim က သူမရဲ့ နေ့စဉ်ရက်တိုင်းကို သားလေးပျော်ရွှင်ဖို့အတွက်သာ ဆောင်ရွက်ပေးနေပြီး သားလေးသာ ပျော်တယ်ဆိုရင်  လုံလောက်တာထက် ပိုသွားပြီလို့ ဆိုပါတယ်။ 

Instagram 
Instagram 

သားလေးကို တင်းကျပ်စွာ ဖက်ထားပြီး ပွေ့ချီထားတဲ့ တောင်ကိုရီးယားမင်းသမီး Park Chae-rim ရဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။