အမေရိကန်နိုင်ငံ ၊ နယူးဂျာစီပြည်မှာ ကျင်းပခဲ့တဲ့ MTV VMAs  ဆုပေးပွဲမှာ Blackpink အဖွဲ့ဝင် Lisa က Best Kpop winner ဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ Lisa က အကောင်းဆုံး Kpop winner ဆု ရရှိခဲ့တာနဲ့ ပတ်သက်ပြီးkpop ပရိသတ်တွေကြားမှာ အငြင်းပွားမှုတွေ မြင့်တက်ခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့အတူ ဝိုင်းပြီး အပြစ်တင်ခံနေရတဲ့ နောက်တစ်ယောက်က Taylor Swift ပဲဖြစ်ပါတယ်။ Taylor Swift က Lisa ကို အားပေးဖို့အတွက် ပရိသတ်တွေကိုတောင်းဆိုခဲ့တယ်ဆိုတဲ့ ဗီဒီယိုဖိုင်ကြောင့် ဝိုင်းပြီး အထောင်းခံနေရတာဖြစ်ပါတယ်။ 

Google 

ဒါပေမယ့်လည်း ထွက်ရှိလာတဲ့ ဗီဒီယိုထဲမှာ Taylor Swift က Lisa ကို အားပေးကြဖို့ ပြောနေတာ မဟုတ်ဘူးလို့ သိရပါတယ်။ 

Twitter 

တကယ့် အကြောင်းအရင်း အမှန်က Nicki Minaj စကားပြောနေတဲ့ အချိန်မှာ Taylor Swift က ပရိသတ်တွေကို ဝိုင်းပြီး အားပေးကြဖို့အတွက် တောင်းဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

Google 


Lisa  ဆုရရှိသွားခဲ့တဲ့ အချိန်မှာလည်း Taylor Swift  က သူမရဲ့ ထိုင်ခုံလေးမှာပဲ ငြိမ်သတ်စွာထိုင်နေတာ ဖြစ်ပါတယ်။ ဒါကို အမှန်မသိတဲ့ ပရိသတ်တွေက Taylor Swift က မျှတမှု မရှိဘူးလို့ ပြောခဲ့ကြတာဖြစ်ပါတယ်။  

Google 
Google 
Google 

Taylor Swift က Blackpink အဖွဲ့ရဲ့ Pink Venom သီချင်းကို သဘောကျတဲ့ သူဖြစ်ပြီး ဖျော်ဖြေနေတဲ့ အချိန်မှာလည်း တောက်လျောက် လိုက်ပြီးကနေခဲ့ပါတယ်။ ဝေဖန်မှုတွေကိ ဂရုမစိုက်တတ်တဲ့ Taylor Swift   ဟာ Kpop ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကိုလည်း ဂရုမစိုက်ခဲ့ပါဘူး။ 

Google 

ဒါပေမယ့်လည်း ပရိသတ်တွေ သိနေတဲ့ အကြောင်းအရာအမှားကြီး မဖြစ်စေဖို့အတွက် အ ခုအကြောင်းအရာလေးကို ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။