နာမည်ကြီး တရုတ်မင်းသားတစ်ယောက်ဖြစ်တဲ့ Wang Dong ရဲ့ ဇနီးသည်ဖြစ်သူအပေါ် အနိုင်ကျင့်နှိပ်စက်တဲ့ ပုံရိပ်ဟာ ပရိသတ်တွေကို အံ့သြတုန်လှုပ်သွားစေပါတယ်။ တရုတ်မင်းသား Wang Dong က နာမည်ကြီး ဇာတ်လမ်းတွေဖြစ်တဲ့ Diamond Lover နဲ့ Perfect Partner ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ ခင်ပွန်းဖြစ်သူဆီကနေ အနိုင်ကျင့် နှိပ်စက်ခံနေရတဲ့အကြောင်းကို Wang Dong ရဲ့ဇနီးဖြစ်သူက သူ့ရဲ့ SNS အကောင့်ပေါ်ကနေ ဝေမျှပေးခဲ့တာဖြစ်ပါတယ်။

Google

ဝေမျှခဲ့တဲ့ ဗီဒီယိုထဲမှာ Wang Dong က ဇနီးဖြစ်သူရဲ့ မျက်နှာကို လက်သီးနဲ့ထိုးပြီး နာကျင်စေမယ့် စကားလုံးတွေအများကြီးပြောနေတာကို တွေ့ရတယ်လို့ သိရပါတယ်။  အဆိုပါ အနိုင်ကျင့် နှိပ်စက်မှုက ရဲတွေ ရောက်မလာခင်အချိန်အထိ တောက်လျောက်ဆက်ပြီး ဖြစ်နေခဲ့တာပါ။ Wang Dong ရဲ့ ဇနီးဖြစ်သူက လက်ရှိမှာ ကိုယ်ဝန်ရှိနေပြီးကိုယ်ဝန်ဆောင်ကာလမှာ အနိုင်ကျင့် နှိပ်စက်ခံ ရတာဖြစ်ပါတယ်။  

Google

Wang Dong ရဲ့ ဇနီးဖြစ်သူက အသက် ၂၂ နှစ်ဖြစ်ပြီး Wang Dong ထက် အသက် ၂၀ ကျော်ပိုပြီး ငယ်ပါတယ်။ ပတ်ဝန်းကျင်က အသိမိတ်ဆွေတွေရဲ့ အဆိုအရ Wang Dong က ဇနီးဖြစ်သူနဲ့ ကွာရှင်းဖို့ လုပ်ဆောင်နေပြီးဇနီးသည်ကိုလည်း မကြာ ခဏ အနိုင်ကျင့်လေ့ ရှိတယ်လို့ သိရပါတယ်။ 

Google

ဇနီးဖြစ်သူကို အနိုင်ကျင့်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီး သိပ်မကြာခင်မှာ Wang Dong က သူ့ရဲ့ SNS စာမျက်နှာပေါ်မှာ တောင်းပန်တဲ့စာ ရေးခဲ့ပါတယ်။ “အဲဒီအချိန်တုန်းက ကျွန်တော်လုပ်ခဲ့မိတဲ့ အပြုအမူအတွက်တောင်းပန်ပါတယ်။ ဒါပေမယ့် အခုကစပြီး သူမကို ထပ်ပြီး မခြိမ်းခြောက်တော့ပါဘူး။ နှောင့်လည်း မနှောင့်ယှက်တော့ပါဘူးလို့” ပြောခဲ့ပါတယ်။ 

Google
Google

ဒါပေမယ့်လည်း Wang Dong ရဲ့ ဖြေရှင်းချက်က ပရိသတ်တွေအတွက် ကျေနပ်စရာတစ်ခု မဖြစ်ခဲ့ပါဘူး။ လူအများကလည်း Wang Dong ရဲ့ ပေါ့ပျက်ပျက် တောင်းပန်တဲ့ ပုံစံကို ဝိုင်းဝန်း ဝေဖန်ထားကြပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။