တောင်ကိုရီးယားမင်းသမီး Park Joo-hyun ဟာဆိုရင် မင်းသမီး Yoo Joo-eun ရဲ့ နောက်ဆုံး ခရီးလမ်းအတွက်စိတ်မကောင်းစရာ နှုတ်ဆက်စကားလေး ပြောခဲ့ပါတယ်။ 

Google
Google

ဒီအကြောင်းအရာကို Park Joo-hyun က သြဂုတ်လ၂၉ ရက်နေ့မှာ သူ့ရဲ့ အင်စတာဂရမ်စတိုရီစာမျက်နှာပေါ်မှာ ဝေမျှပေးခဲ့တာဖြစ်ပါတယ်။ Park Joo-hyun ရဲ့နောက်ဆုံး နှုတ်ဆက်စကားလေးကို အောက်မှာ ဘာသာပြန်ပြသွားပေးပါမယ်နော်။ 

Google

“ကောင်မလေးရေ .. တစ်ကမ္ဘာလုံးကလူတွေထက်ပိုပြီးလှပစွာနဲ့ ပျံသန်းနိုင်ပါစေလို့ မျှော်လင့်ပါတယ်။ မင်းအတွက်ဆုတောင်းပေးနေပါတယ်နော်။” 

Google
Google

Park Joo-hyun  က သူမရဲ့ နာကျင်ခံစားချက်တွေကို “ငြိမ်းချမ်းစွာ အနားယူပါ” ဆိုတဲ့ စာသားနဲ့ ဖော်ပြပေးခဲ့တာဖြစ်ပြီး ပရိသတ်တွေ အားလုံးက သူငယ်ချင်းနှစ်ယောက်အတွက် များစွာ စိတ်မကောင်းဖြစ်နေကြပါတယ်။ 

တောင်ကိုရီးယား မင်းသမီး Park Joo-hyun နဲ့ Yoo Joo Eun တို့က Korea National University of Arts ရဲ့ကျောင်းသားဟောင်းတွေ ဖြစ်ကြပြီး သူငယ်ချင်းဟောင်းတွေလည်း ဖြစ်ကြပါတယ်။

Google

တောင်ကိုရီးယားမင်းသမီး Yoo Joo Eun က ယမန်နေ့ သြဂုတ်လ ၂၉ ရက်နေ့မှာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ပြီး ဆုံးပါးသွားခဲ့တာဖြစ်ပြီး အစ်ကို ဖြစ်သူက ညီမ ဖြစ်သူ သေဆုံးသွားပြီဖြစ်တဲ့ အကြောင်းကို ပရိသတ်တွေကို အသိပေးခဲ့တာဖြစ်ပါတယ်။ Yoo Joo Eun ကိုယ်တိုင်လည်း မသေဆုံးသွားခင်မှာ သေတမ်းစာလေး ရေးခဲ့ပါသေးတယ်။ 

Google

တောင်ကိုရီးယားမင်းသမီး Yoo Joo Eun သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေအားလုံး ဟာလည်း နာကျင်ခံစားခဲ့ရပါတယ်။ တောင်ကိုရီးယားမင်းသမီး Park Joo-hyun သူငယ်ချင်းအပေါ် ရေးခဲ့တဲ့ နောက်ဆုံး နှုတ်ဆက်စာလေးအကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။