တောင်ကိုရီးယားမင်းသမီး Han So Hwee ဟာဆိုရင် မကြာသေးမီက ရိုက်ကူးရေးလုပ်ရင်း ဒဏ်ရာ ရရှိထားတာဖြစ်ပါတယ်။ Han So Hwee က လက်ရှိမှာ ဒဏ်ရာတွေကနေပြီး သက်သာသွားပေမယ့် မျက်လုံးထောင့်နားမှာပွန်းပဲ့ဒဏ်ရာ အနည်းငယ် ကျန်နေသေးတယ်လို့ သိရပါတယ်။ 

Google 

Han So Hwee က ဒဏ်ရာအခြေအနေပေါ်ကို မူတည်ပြီး နောက်အပတ်လောက်မှာ ရိုက်ကူးရေးကို ဆက်လုပ်သွားမယ်လို့ သိရပါတယ်။ Han So Hwee ဒဏ်ရာကနေ သက်သာသွားပြီဖြစ်တဲ့အကြောင်းကို 9ato Entertainment ကအခုလို ထုတ်ပြန်ထားတာဖြစ်ပါတယ်။

Google 
Google 

9ato Entertainment က Han So Hwee ရဲ့ 'Gyeongseong Creature' ရိုက်ကူးရေးကို ဆက်ပြီး ပြုလုပ်သွားဖို့အတွက် စီစဉ်ထားခဲ့တာဖြစ်ကြောင်း ၊ Han So Hwee ရဲ့ လက်ရှိအခြေအနေက သက်သာလာပြီဖြစ်ကြောင်း ၊ကံကောင်းထောက်မစွာနဲ့ပဲ ဒဏ်ရာရခဲ့စဉ်ကတည်းက ခွဲစိတ်မှု တစ်ခုမှ မပြုလုပ်ရသေးကြောင်း ၊ ဒါပေမယ့်လည်းမျက်လုံးထောင့်နားမှာ ပွန်းပဲ့ဒဏ်ရာတွေ ရှိနေသေးကြောင်း စတဲ့ အသိပေးမှုလေးတွေပြုလုပ်ခဲ့ပါတယ်။

Google 

 တောင်ကိုရီးယားမင်းသမီး Han So Hwee က မကြာခင်မှာ ထုတ်လွှင့်တော့မယ့် 'Gyeongseong Creature' ဇာတ်လမ်းတွဲရိုက်ကူးအပြီးမှာ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။