တောင်ကိုရီးယားမင်းသမီး Song Yuri ဟာဆိုရင် ၂၀၁၇ ခုနှစ်မှာ ခင်ပွန်းဖြစ်သူနဲ့ လက်ထပ်ခဲ့တဲ့သူဖြစ်ပါတယ်။Song Yuri က ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ အမွှာသမီးလေးနှစ်ယောက်ကို ဖွားမြင်ခဲ့ပြီး မိခင်ကောင်းတစ်ယောက်အဖြစ်နေထိုင်လျက်ရှိပါတယ်။ လက်ရှိမှာဆိုရင် Song Yuri ရဲ့ အမွှာသမီးလေး နှစ်ယောက်က ၈ လသားအရွယ်ရှိနေပြီပဲဖြစ်ပါတယ်။

Google 

မကြာသေးမီက Song Yuri က သူမရဲ့ အင်စတာဂရမ် စတိုရီလေးပေါ်မှာ ဆပ်ပြာပူဖောင်းလေးတွေနဲ့ ဆော့ကစားနေတဲ့ ဗီဒီယိုလေး တင်ခဲ့ပါတယ်။

Google 

 ဗီဒီယိုလေးထဲမှာ လူမတွေ့ရပေမယ့် Song Yuri တစ်ယောက် သူမနဲ့ အမွှာသမီးလေးတွေနဲ့ ဆော့ကစားနေတယ်ဆိုတာ လုံးဝကို ပေါ်လွင်ပါတယ်။ အိမ်အကျယ်ကြီးမှာ လေပူဖောင်းလေးတွေ နဲ့ပျော်ရွှင်စွာ ဆော့ကစားနေတဲ့ Song Yuri တို့ သားအမိတွေရဲ့ဗီဒီယိုလေးကို အောက်မှာ ဝင်ကြည့်နိုင်ပါတယ်။ 

YouTube 

တောင်ကိုရီးယားမင်းသမီး Song Yuri က ပရော်ဖက်ရှင်နယ် ဂေါက်ရိုက် ကစားသမားဟောင်း Ahn Sung Hyun နဲ့၂၀၁၇ ခုနှစ်မှာ လက်ထပ်ပြီး အမွှာသမီးလေး နှစ်ယောက်ကို ဖွားမြင်ခဲ့ပါတယ်။ 

Google 
Google 
Google 

Song Yuri က သရုပ်ဆောင်တစ်ယောက်ဖြစ်ရုံသာမက Fin.K.L ရဲ့ အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမက လက်ရှိမှာ KBS 2TV ရဲ့ dating reality show ဖြစ်တဲ့ Love Recall မှာ အစီအစဉ်တင်ဆက်သူ တစ်ယောက်အဖြစ် ပါဝင်လျှက်ရှိပါတယ်။

Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။