Joseon Survival Period ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့တောင်ကိုရီးယားမင်းသမီး Yoo Joo-eun ဟာဆိုရင် ဒီကနေ့ သြဂုတ်လ ၂၉ ရက်နေ့မှာ ဆုံးပါသွားခဲ့ပြီပဲဖြစ်ပါတယ်။ မင်းသမီး Yoo Joo-eun ကွယ်လွန်ဆုံးပါးသွားခဲ့ပြီဖြစ်တဲ့အကြောင်းကို သူမရဲ့ အစ်ကိုဖြစ်သူ Yoo Han က အသိပေးပြောကြားခဲ့တာဖြစ်ပါတယ်။ အစ်ကိုဖြစ်သူ Yoo Han ပြောခဲ့တဲ့ အကြောင်းအရာလေးကို အောက်မှာ ဘာသာပြန်ပေးထားပါတယ်။ 

Google 
Google 

 “ကျွန်တော် ညီမလေး Joo-eun က ဒီနေရာကနေထွက်သွားပြီး သက်သောင့်သက်သာရှိတဲ့နေရာကို ရောက်သွားခဲ့ပါပြီ။ အားလုံးမှာ အချိန်လေး နည်းနည်းလောက်ရှိမယ်ဆိုရင် Joo-eun ကို နှုတ်ဆက်စကားလေး ပြောပေးခဲ့ကြပါဗျ။” 

Instagram 

တစ်ချိန်တည်းမှာပဲ မင်းသမီး Yoo Joo-eun ရဲ့ သေတမ်း စာလေးဟာလည်း ပေါ်ပေါက်လာခဲ့ပါတယ်။  Yoo Joo-eun ရဲ့ သေတမ်းစာလေးကို အောက်မှာ ဖော်ပြပေးထားပါတယ်။

Google 

သူမရဲ့ သေတမ်းစာထဲမှာ Yoo Joo-eun က “ အရင်ဆုံးထွက်ခွာသွားခဲ့ရတဲ့အတွက်တောင်းပန်ပါတယ်။ အမေ ၊အဖေ ၊ အဖွားနဲ့ အစ်ကိုကြီးတို့ အတွက် ပိုပြီး စိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်မရဲ့ နှလုံးသားက အသက်မရှင်ချင်တော့ဘူးလို့ အကျယ်ကြီး အော်ပြောနေတယ်။ ကျွန်မ မရှိတော့ရင်လည်း ဘဝကြီးကို သတ္တိရှိရှိလေး နေသွားပေးပါနော်။ အားလုံးကိုစောင့်ကြည့်နေမယ်နော်။ မငိုပါနဲ့ .. နေမကောင်းဖြစ်ကြလိမ့်မယ်။ ဒီဆုံးဖြတ်ချက်ကိုရွေးချယ်ရတာ စိတ်ညစ်လို့ မဟုတ်ပါဘူး။ ကျွန်မ ဘဝက အရမ်းကို ပျော်ဖို့ကောင်းပါတယ်။ ဒီဘဝကြီးမှာ နေရတာ လုံလောက်သွားပါပြီ.. ဒါကြောင့်ဘယ်သူ့ကိုမှ အပြစ်မတင်ပါနဲ့ .. ကျွန်မ မရှိလည်း အသက်ဆက်ပြီး ရှင်သန်သွားပေးပါနော် ..” လို့ရေးသားထားပါတယ်။ 

Google 

Yoo Joo-eun ရဲ့ ဈာပနပွဲကို Ajou University Hospital မှာကျင်းပသွားမှာဖြစ်ပြီး ခေါင်းတလားကို သြဂုတ်လ ၃၁ရက်နေ့မှာ နေအိမ်သို့ သယ်ဆောင်မယ်လို့ သိရပါတယ်။

Google 

တောင်ကိုရီးယားမင်းသမီး Yoo Joo-eun ဟာဆိုရင် tvN ရဲ့ “Big Forest” နဲ့ TV Chosun ရဲ့ Joseon Survival Period ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့သူ ဖြစ်ပါတယ်။ သေဆုံးခဲ့တဲ့အချိန်မှာ Yoo Joo-eun ရဲ့အသက်က ၂၇ နှစ်ပဲ ရှိပါသေးတယ်။

Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။