တောင်ကိုရီးယားမင်းသား Kim Ji-Hoon ဟာဆိုရင် ၂၀၀၂ ခုနှစ်ကတည်းက အနုပညာလှုပ်ရှားမှုနယ်ပယ်မှာ နေရာတစ်ခုရရှိခဲ့တဲ့သူဖြစ်ပါတယ်။ Kim Ji-Hoon ဟာ အဓိကဇာတ်ကောင်တွေမှာသာမက ဇာတ်ရံနေရာတွေမှာပါ ပီပီပြင်ပြင်သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေ များစွာရရှိခဲ့တဲ့သူဖြစ်ပါတယ် ။  Kim Ji-Hoon ပါဝင်သရုပ်ဆောင်ခဲ့တဲ့လူသိများတဲ့ဇာတ်ကားတွေက Wish Upon a Star ၊ Unsolved၊ My Cute Guys နဲ့  Bad Thief, Good Thief ဇာတ်ကားတွေပဲ ဖြစ်ပါတယ်။ 

Google

Kim Ji-Hoon က ကြွပ်ဆပ်ဆပ် ဇာတ်ကောင်ပုံစံ Bad guy ပုံစံတွေနဲ့ လိုက်ဖက်တဲ့သူဖြစ်ပြီး အပြင်မှာလည်း ပေါ့ပေါ့ပါးပါးနေထိုင်တတ်တဲ့သူဖြစ်ပါတယ်။ Kim Ji-Hoon ရဲ့ အဆင်အခြင်မဲ့တဲ့ ပုံစံကိုတော့ ပရိသတ်တွေက သိပ်ပြီး သဘောမကျပါဘူး။ Kim Ji-Hoon  က အထူးသဖြင့်ကားမောင်းအရမ်းကြမ်းတဲ့ သူဖြစ်ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သတ်ပြီး ၂၀၁၃ ခုနှစ်မှာ ပရိသတ်တွေရဲ့ ဝေဖန်ခြင်းကိုခံခဲ့ရပါတယ်။ 

Google

Kim Ji-Hoon က နိုင်လွန် မဂ္ဂဇင်းအင်တာဗျူးမှာ သူက မဆင်မခြင်မောင်းတတ်တဲ့ ယာဉ်မောင်းဖြစ်ကြောင်း ၊ယာဉ် မဆင်မခြင်မောင်းနှင်တာက လက်ခံပေးလို့ရတဲ့ ကိစ္စဖြစ်ကြောင်း ၊ သူငယ်ချင်းတွေကသူ့ကားပေါ်လိုက်စီးတိုင်း ကားမောင်းကြမ်းတယ်ဆိုတာကို သတိမမူမိကြောင်း ၊ သူဟာ အချက်ပြမီးကို ဘယ်ဘက်ကွေ့မယ်လို့ ပြထားပြီး တည့်တည့်မောင်းမိတဲ့အခါမျိုးတွေလည်းရှိကြောင်း ဒါပေမယ့်လည်း သူ့ရဲ့လျင်မြန်မှုကြောင့် တစ်ခါမှ အဖမ်းမခံရခဲ့ကြောင်း ပိုက်ဆံလည်းမကုန် ဒဏ်ကြေးလည်း အရိုက်မခံရခဲ့ကြောင်း ပေါ့ပေါတန်တန်ပြောခဲ့ပါတယ်။ 

Google

Kim Ji-Hoon  က ရယ်မောပြီး ပေါ့ပေါတန်တန် ပြောခဲ့ပေမယ့်လည်း ပရိသတ်တွေက Kim Ji-Hoon  ကို အသက်အန္တရာယ်များစေတဲ့အရာကို ပေါ့ပေါ့တန်တန်လုပ်ပြီး ထင်ယောင်ထင်မှား အတတ်အမှားတွေ ဝေမျှတယ်ဆိုပြီးKim Ji-Hoon  ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။ 

Google
Google

ပေါ့ပေါ့ပါးပါး ကြွပ်ဆပ်ဆပ် ပုံစံကြောင့် Kim Ji-Hoon  ဟာ တောင်ကိုရီးယား ပရိသတ်အချို့ရဲ့ ချစ်ခင်မှုကို မရရှိခဲ့ပါဘူး။ Kim Ji-Hoon  ဟာ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ပြီး မကြာသေးမီက Money Heist ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။