တစ်ခေတ်တစ်ခါက မြန်မာပရိသတ်တွေကြားမှာ လီစန်အိမ်ရှေ့စံ လို့ လူသိများတဲ့တောင်ကိုရီးယားမင်းသား Lee Seo-jin ဟာဆိုရင် ပွဲဦးထွက်ကတည်းက တစ်ဟုန်ထိုး အောင်မြင်ခဲ့တဲ့သူဖြစ်ပါတယ်။ 

Google 
Google 

Lee Seo-jin ဟာ လက်ရှိမှာ အသက် ၅၁ နှစ်အရွယ်ရှိနေပြီဖြစ်ပါတယ်။ အသက်အရွယ် အပိုင်းအခြား တစ်ခုကိုရောက်နေပြီဖြစ်ပေမယ့် Lee Seo-jin က အောင်မြင်မှုတွေကို ဆက်ပြီး ထိန်းထားနိုင်ဆဲ ဖြစ်ပါတယ်။ 

Google 
Google 
Google 

မင်းသားကြီး Lee Seo–jin က လက်ရှိအချိန်အထိ အိမ်ထောင် မပြုရသေးပါဘူး။ လူတိုင်းအချစ်နဲ့ မကင်းနိုင်ဘူးဆိုသလို Lee Seo–jin ဟာဆိုရင်လည်း တစ်ခေတ်တစ်ခါက သဘောကျနှစ်သတ်ခဲ့ရတဲ့ ကောင်မလေး ရှိခဲ့ပါတယ်။ Lee Seo–jin နဲ့ တွဲခဲ့တဲ့ မင်းသမီးကတော့ Kim Jung-eun ပဲဖြစ်ပါတယ်။ 

Google 

Lee Seo–jin နဲ့  Kim Jung-eun တို့က  လူတိုင်းအားကျရတဲ့ စုံတွဲ ဖြစ်ခဲ့ဖူးပြီး မင်္ဂလာဆောင်ဖို့အထိ ရည်ရွယ်ထားတဲ့ အတွဲလေး ဖြစ်ပါတယ်။ 

Google 

သူတို့နှစ်ဦးက ၂၀၀၆ ခုနှစ်က SBS ရဲ့ ဒရမ်မာဖြစ်တဲ့ Lovers ဇာတ်လမ်းတွဲ အပြီးမှာ စတွဲခဲ့ကြတာဖြစ်ပြီး နာမည်ပျက်မရှိ ဘဲ တွဲလက်တွေခိုင်မြဲခဲ့ကြပါတယ်။ 

သူတို့နှစ်ဦးက ၂ နှစ်ကြာတိုးတိုးတိတ်တိတ်တွဲပြီးမှ တရားဝင်တွဲနေပြီဖြစ်ကြောင်း အသိပေးခဲ့တာဖြစ်ပါတယ်။အခြားအနုပညာရှင်တွေက အချစ်ရေးနဲ့ပတ်သက်ပြီး လျို့ဝှက်တတ်ကြပေမယ့် သူတို့နှစ်ဦးကတော့ ပေါ်ပေါ်ထင်ထင် ပွင့်ပွင့်လင်းလင်းရှိခဲ့ကြပါတယ်။ 

Google 

သူတို့နှစ်ဦးဟာ လက်ထပ်ခါနီး ဖြစ်ပြီးတဲ့အချိန် ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့မှာ လမ်းခွဲခဲ့ပြီလို့ တရားဝင်အသိပေးခဲ့ပါတယ်။ Kim Jung-eun ရဲ့ ကောင်မလေး Lee Seo-jin ကတော့ သူမအနေနဲ့ လမ်းမခွဲချင်ကြောင်းဝန်ခံပြောဆိုခဲ့ဖူးပါတယ်။ လမ်းခွဲခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး Lee Seo-jin ဟာ မိန်းကလေးရှင် တစ်ယောက် ဖြစ်လျက်နဲ့တောင် ယူကြုံးမရ ငိုကြွေးခဲ့ဖူးပါတယ်။ 

Google 

အရမ်းချစ်ခဲ့ကြပြီး လူသိရှင်ကြားတွဲခဲ့တဲ့ Kim Jung-eun နဲ့ Lee Seo-jin တို့ စုံတွဲနှစ်ဦးရဲ့ လမ်းခွဲသတင်းဟာပရိသတ်ပေါင်းများစွာကိုလည်း စိတ်မကောင်းဖြစ်စေခဲ့ပါတယ်။ လက်ရှိမှာ သူတို့ နှစ်ဦးစလုံးက အိမ်ထောင် မပြုကြရသေးဘဲ Single တွေအဖြစ်ရှိနေကြတုန်းပဲ ဖြစ်ပါတယ်။ 

Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။