တောင်ကိုရီးယားမင်းသမီး ဆောင်းဟေကိုက ခင်ပွန်းဖြစ်သူကို လှည့်စားခဲ့တယ်ဆိုတဲ့ သတင်းတွေ မကြာသေးမီက တရုတ်နိုင်ငံရဲ့ Weibo စာမျက်နှာပြန်ပြီးတက်လာခဲ့ပါတယ်။ သတင်းတွေက ဆောင်းဟေကိုက ခင်ပွန်းဟောင်းဖြစ်သူ ဆောင်းဂျွန်ကီကို လိမ်လည်လှည့်စားခဲ့တယ်ဆိုတဲ့ အကြောင်း အရာများဖြစ်ပြီး တဟုန်ထိုး လူစိတ်ဝင်စားမှုမြင့်တက်ခဲ့ပါတယ်။ 

Google

ကောလာဟလတွေက ဘယ်ကနေစတင်ပြီး ပြန့်နှံ့လာတာလဲဆိုတာ မသိရပေမယ့် netizen တွေကတော့ သီအိုရီတွေ လိုက်စုံစမ်းထားပါတယ်။

Weibo

 ရှာဖွေမှုတွေအရ ဆောင်းဟေကိုနဲ့ ပတ်သတ်တဲ့ အငြင်းပွါးမှုတွေ ဖြစ်လာတဲ့အကြောင်းအရင်းက သူမနဲ့ပတ်သတ်တဲ့ လုပ်ငန်းစုကြီးတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ကောလာဟလတွေရဲ့အဓိက ဇစ်မြစ််ကတော့ လူအများရဲ့ အာရုံစိုက်မှုကိုလိုချင်တာပဲ ဖြစ်ပါတယ်။ 

Google

ဆောင်းဟေကိုက ၂၀၀၀ ခုနှစ်မှာ ဆောင်းဦးရွက်ကြွေ ချစ်သက်သေ ဇာတ်လမ်းနဲ့ ပရိသတ်တွေရဲ့ အသည်းနှလုံးကို ရရှိခဲ့တဲ့သူဖြစ်ပါတယ်။ ဆောင်းဟေကိုရဲ့ အောင်မြင်မှုတွေဟာ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းပြီးတဲ့နောက်မှာပြန်လည်ကျဆင်းခဲ့တာကြောင့် ပရိသတ်တွေက သူမအနေနဲ့ ဘယ်တော့မှ ထိပ်ဆုံး မရောက်နိုင်တော့ဘူးလို့ ယူဆထားတာဖြစ်ပါတယ်။ 

Google

ဒါပေမယ့်လည်း အခုနောက်ပိုင်းမှာ ဆောင်းဟေကိုနဲ့ ပတ်သက်ပြီး လူစိတ်ဝင်စားမှု ပြန်တက်လျက်ရှိပါတယ်။

Google

သိပ်မကြာမီ အချိန်မှာလည်း ဆောင်းဟေကို ပါဝင်သရုပ်ဆောင် ရိုက်ကူးထားတဲ့ The Glory ဇာတ်လမ်းက ထွက်ရှိလာတော့မှာ ဖြစ်တာကြောင့် မင်းသမီး ဆောင်းဟေကိုနဲ့ ပတ်သက်ပြီး လူစိတ်ဝင်စားမှု ရရှိစေဖို့ ကောလာဟလတွေ လွှင့်နေကြတယ်လို့လည်း ပြောထားကြပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။