တောင်ကိုရီးယားမင်းသမီး Park Chae-rim ဟာဆိုရင် ဆည်းဆာရင်ခုန်သံ ဇာတ်လမ်းတွဲနဲ့ မြန်မာ ပရိသတ်တွေရဲ့အားပေးခြင်းကို တခဲနက်ရရှိခဲ့တဲ့သူဖြစ်ပါတယ်။ Park Chae-rim က ရုပ်ရှင်ဇာတ်လမ်းတွဲတော်တော်များများ မှာပါဝင်သရုပ်ဆောင်ဖူးတဲ့သူဖြစ်ပြီး ကိုရီးယားဇာတ်လမ်းတွဲတွေမှာသာမက တရုတ်ဇာတ်လမ်းတွဲတွေမှာပါအောင်မြင်မှုတွေ ရရှိခဲ့တဲ့ သူဖြစ်ပါတယ်။ 

Google 

ရုပ်ရည်ချောမောပြီး ချစ်ဖို့ကောင်းသလို အောင်မြင်မှုတွေများစွာကိုလည်း ရရှိပိုင်ဆိုင်ထားတဲ့ Park Chae-rim ကအိမ်ထောင်ရေးတော့ ကံမကောင်းရှာပါဘူး။ သူမက အိမ်ထောင်နှစ်ဆက်နဲ့ Single Mother အဖြစ်ရပ်တည်နေတဲ့သူဖြစ်ပါတယ်။ 

Google 

လက်ရှိအချိန်မှာ Park Chae-rim က သူမရဲ့ သားလေးနဲ့အတူ ပျော်ရွှင်စရာ မိသားစု ဘဝလေးကို တည်ဆောက်ထားပြီပဲ ဖြစ်ပါတယ်။ Park Chae-rim က ၂၀၁၀ ခုနှစ်ကစပြီး အနုပညာလှုပ်ရှားမှုတွေကနေ အနားယူထားတာဖြစ်တာကြောင့် သူမကို ဇာတ်လမ်းတွဲတွေထဲမှာတော့ ထပ်ပြီး မတွေ့ရတော့ပါဘူး။ Park Chae-rim ကို မြင်တွေ့ချင်တဲ့ ပရိသတ်တွေကတော့ သူမရဲ့ အင်စတာဂရမ်စာမျက်နှာလေးကို follow ထားပြီး တစ်နေ့တာ ပုံရိပ်လေးတွေကို စောင့် ကြည့်ရင်း အလွမ်းဖြေနေကြရပါတယ်။

Google 
Google 
Google 

အခုတစ်ခေါက်မှာလည်း Park Chae-rim က သူမရဲ့ သားလေး ပင်လယ်ကမ်းခြေမှာ ငုတ်တုတ်ကလေး ငါးမြှားနေတဲ့ ပုံရိပ်လေးကို “ဒီလိုမျိုး စိတ်ရှည်ရှည်နဲ့စောင့်ပြီးတော့ကို ငါးဖမ်းနေတာ” ဆိုတဲ့ စာသားလေးနဲ့ ပရိသတ်တွေဆီကို ဝေမျှပေးခဲ့ပါတယ်။ 

Instagram 
Instagram 

တစ်ခေတ်တစ်ခါက ဂျင်ဆန်းမီလို့ နာမည်ကြီးပြီး ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ရရှိခဲ့တဲ့ Park Chae-rim လေးရဲ့ ချစ်စရာ သားလေး ပုံရိပ်လေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။