ကလေးသရုပ်ဆောင်လေး Jin Ji Hee ဟာဆိုရင်ဘွဲ့ရသွားပြီဖြစ်တဲ့အကြောင်းလေးကို ဓာတ်ပုံလေးတွေနဲ့တကွအသိပေးလာခဲ့ပါတယ်။ Jin Ji Hee က Penthouse ဇာတ်လမ်းထဲမှာလည်း ပါဝင်သရုပ်ဆောင်ဖူးတဲ့သူဖြစ်ပြီးကလေးဘဝကတည်းက ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်ခဲ့တဲ့သူဖြစ်ပါတယ်။ ကလေးဘဝတုန်းကအအောင်မြင်ဆုံးဖြစ်တဲ့ Jin Ji Hee ရဲ့ ဇာတ်လမ်းတွဲက High Kick Through The Roof ပဲဖြစ်ပါတယ်။ 

Google 
Google 
Google 
Google 
Google 
Google 

Jin Ji Hee က ဘွဲ့ရသွားပြီဖြစ်တဲ့အကြောင်းကို သူမရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ သြဂုတ်လ ၂၅ ရက်နေ့ ၊နေ့လည်ပိုင်းက ဓာတ်ပုံလေးတွေနဲ့တကွ ပရိသတ်တွေကို အသိပေးခဲ့တာဖြစ်ပါတယ်။ ဓာတ်ပုံလေးတွေထဲမှာ Jin Ji Hee က ဘွဲ့ဝတ်စုံလေးနဲ့ ဦးထုပ်လေးကို ဆောင်းထားတာဖြစ်ပါတယ်။ Jin Ji Hee က ဘွဲ့ရပြီး လူကြီးတစ်ယောက်ဖြစ်သွားပြီဆိုပေမယ့်လည်း ငယ်ရုပ်လေးက ပျောက်မသွားဘဲ ချစ်ဖို့ကောင်းနေဆဲ ဖြစ်ပါတယ်။ 

Google 
Google 
Google 
Google 

Jin Ji Hee ကို ၁၉၉၉ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်တာကြောင့် အခုနှစ်မှာ ၂၃ နှစ်ပြည့်သွားပြီပဲဖြစ်ပါတယ်။ Jin Ji Hee က သရုပ်ဆောင်တစ်ယောက်အဖြစ် ပွဲဦးထွက်ကို ၂၀၀၃ ခုနှစ်တုန်းက Yellow Handkerchief ဇာတ်လမ်းနဲ့ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ကောင်းမွန်ပီပြင်ပြီး ချစ်ဖို့ကောင်းလှတဲ့ ပုံရိပ်လေးကြောင့် Jin Ji Hee ဟာ ပရိသတ်တွေ များစွာရဲ့ အချစ်ကို ရရှိခဲ့ပေမယ့် သူမကို လူကြီး သရုပ်ဆောင်အဖြစ်နဲ့တော့ မမြင်ကြသေးပါဘူး။

Google 
Google 
Google 

 ငယ်ရုပ်လေး မပျောက်သေးတဲ့ Jin Ji Hee တစ်ယောက် ငယ်ရုပ်လေးကို အတတ်နိုင်ဆုံး ဖျောက်ပြီး လူကြီးသရုပ်ဆောင်အဖြစ် ပရိသတ်တွေ လက်ခံနိုင်အောင် ကြိုးစားသွားဖို့တော့ လိုအပ်နေတုန်းပဲ ဖြစ်ပါတယ်။ Jin Ji Hee က ၂၀၂၀ခုနှစ်တုန်းကလည်း တဟုန်ထိုး လူကြိုက်များ အောင်မြင်ခဲ့တဲ့ Penthouse ဇာတ်လမ်းတွဲထဲမှာ ဂျန်းနီအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။