ပွဲရုံများ၊ ပွဲတော်များ၊ ဆပ်ကပ်ပွဲများမှာ ရောင်းချတတ်ကြသလို လူအများလည်းနှစ်သက်ကြတဲ့ ချိုနေတဲ့ တိမ်တိုက်မုန့်များဟာ လူတိုင်းနှင့်ရင်းနှီးပါတယ်။ ဒီငှက်သုိက်မုန့်တွေဟာ ပါးစပ်ထဲကိုရောက်တာနဲ့ အရည်ပျော်ကျသွားတာပါ။

ဒါပေမယ့် ဒီမုန့်ကို ဘယ်ချိန်တုန်းက ဘယ်နေရာမှာ ပြုလုပ်ခဲ့တာလဲ။ သကြားကို ဒီလို ရယ်စရာကောင်းတဲ့ ပုံစံဖြစ်အောင် ဘယ်သူက စပြီး တွေးခဲ့လဲ။ သကြားစစ်စစ်ကိုစားတာက တကယ်ကောင်းတယ်လို့ ဘယ်သူထင်လဲ။ အဖြေက သင့်ကို အံ့ဩစေနိုင်ပါတယ်။

Tennessee၊ Nashville မှ တီထွင်သူနှင့် သွားဆရာဝန် William James Morrison ဟာ ဒီမုန့်ကို စတင်ဖန်းတီးတဲ့ စက်ကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ၁၈၉၇ ခုနှစ်မှာ သူနဲ့ သူ့သူငယ်ချင်း John C. Wharton ဟာ လှည့်ပတ်နေပြီး သကြားကိုအရည်ပျော်‌ေစမယ့် စက် (“electric candy machine” လို့ခေါ်ပါတယ်) ကိုထုတ်လုပ်ဖို့ အတူတကွပူးပေါင်းပြီး သကြားကိုဝိုင်ယာကြိုးဖြင့်အရည်ပျော်စေရန် လေကိုအသုံးပြုခဲ့ပါတယ်။

ဒီစက်နဲ့ထုတ်လုပ်တဲ့ ငှက်သိုက်မုန့် (ထိုအချိန်က Fairy Floss လို့‌ခေါ်ပါတယ်) ကို 1904 ခုနှစ်မှာ ခုနစ်လကြာပြုလုပ်ခဲ့တဲ့ စိန့်လူးဝစ်ကမ္ဘာ့ပွဲမှာ အမေရိကကို ပထမဆုံးမိတ်ဆက်ခဲ့ပြီး မုန့်များကို တစ်လုံးလျှင် ၂၅ ဆင့်ဖြင့် သေတ္တာများနဲ့ ရောင်းချခဲ့ပါတယ်။

ထုတ်ကုန်ဟာ အံ့သြဖွယ်ကောင်းလောက်အောင် လက်ခံရရှိခဲ့ပြီး Morrison နှင့် Wharton တို့ဟာ စုစုပေါင်း ၆၅,၆၅၅ သေတ္တာများကို ရောင်းချနိုင်ခဲ့ပါတယ်။ သွားဆရာ၀န်တော်တော်များများဟာ အချိုတွေကို မုန်းတီတတ်ကြသူမဟုတ်တောင် မနှစ်သက်ကြသူများပါတယ်။

ဒါကိုဒီလောက်အချိုများတဲ့ မုန့်ကို ဖန်တီးခဲ့သူတွေက သွားဆရာ၀န်တွေဖြစ်နေတော့ အံ့ဩရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။