အားလုံးပဲ တစ်ခေတ်တစ်ခါက နာမည်ကြီးပြီးအောင်မြင်ခဲ့တဲ့ လီဟန်နီထဲက မင်းသားကိုသေချာပေါက် သိမှာပါနော်။ အသည်းခြင်းတူရင် ကြည်ဖြူပါမယ်ရှင် (Tomato 1999) ဇာတ်ကားလေးမှာထဲ မင်းသမီး လီဟန်နီလို့ လူသိများတဲ့ Kim Hee-Seon နဲ့အတူ မင်းသား Kim Suk-hoon တို့က အတွဲညီညီ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Google 
Google 
Google 

ဇာတ်လမ်းဇာတ်အိမ်လေး ခိုင်မာပြီး ကြည့်လို့ အရမ်းကောင်းတဲ့ ဇာတ်ကားလေးဖြစ်တာကြောင့် Tomato ဇာတ်ကားက အရမ်းကို လူကြိုက်များခဲ့တဲ့ဇာတ်လမ်းလေး ဖြစ်ခဲ့ပါတယ်။ 

Google 

ဇာတ်လမ်းက ၁၉၉၉ ခုနှစ်မှာ ထွက်ရှိထားတာ ဖြစ်တာကြောင့် အရှိန်ကာလ အားဖြင့်ကြည့်မယ်ဆိုရင် တော်တော်လေး ကြာနေပါပြီ။ ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားတွေကလည်း အသက် အရွယ်တော်တော်လေး ကြီးနေပါပြီ။ ဇာတ်လမ်းထဲမှာ ပါဝင်ခဲ့တဲ့ မင်းသား Kim Suk-hoon ရဲ့ အသက်ဟာဆိုရင်လည်း ၅၀ နှစ်ပြည့်သွားပြီပဲဖြစ်ပါတယ်။ Kim Suk-hoon က ၂၀၁၉ ခုနှစ်မှာ ချစ်ရသူနဲ့ လက်ထပ်ခဲ့ပြီး ပျော်ရွှင်စရာ အိမ်ထောင်ရေးလေးကို တည်ဆောက်ထားပါတယ်။ 

Google 
Google 

Kim Suk-hoon က နာမည်ကြီးပြီးအောင်မြင်မှုတွေ သိမ်းကြုံးရခဲ့တဲ့သူဆိုပေမယ့်လည်း သူ့ကို ၂၀၁၅ ခုနှစ်ကစလို့အနုပညာ လှုပ်ရှားမှုတွေထဲမှာ သိပ်ပြီး မတွေ့ရတော့ပါဘူး။ တစ်ခေတ်တစ်ခါက နာမည်ကြီးပြီး အောင်မြင်မှုတွေသိမ်းကြုံး ရရှိခဲ့ပေမယ့်လည်း အနုပညာ လှုပ်ရှားမှုတွေထဲကနေ ပျောက်ကွယ်သွားတဲ့ တောင်ကိုရီးယားမင်းသားKim Suk-hoon ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။