ကျွန်တော်တို့ရဲ့ Solar System ထဲမှာ ကမ္ဘာကြီးအပါအဝင် ဂြိုလ်ကြီး ၈ လုံးရှိတာသိကြပြီးသားပါ။ တစ်ဂြိုလ်နဲ့ တစ်ဂြိုလ်မှာလည်း မတူညီတဲ့ မိုးလေဝသတွေ မြေပြင်တွေ စသဖြင့်အမျိုးမျိုးနဲ့ တည်ရှိကြပါတယ်။ အဲ့ မတူညီတဲ့ ဂြိုလ်တွေထဲကမှ စနေဂြိုလ် (Saturn) မှာ တခြားဂြိုလ်တွေနဲ့ လုံးဝကို ကွဲထွက်နေတဲ့ အချက်တစ်ချက်ရှိပါတယ်။ ဂြိုလ် ၇ လုံးက အဲ့ဒီအချက်မှာ တူညီနေပြီး သူကတော့ ကွဲထွက်နေတာပါ။ အဲ့ဒါက ဘာလဲဆိုတော့ စနေဂြိုလ်ဟာ တခြားဂြိုလ်တွေနဲ့မတူပဲ ရေပေါ် ပေါ်နိုင်ပါတယ်။

ဟုတ်ပါတယ်....ဒီဟာက နည်းနည်းတော့ ထူးဆန်းနေပါလိမ့်မယ်။ နေအဖွဲ့အစည်းထဲမှာ ရှိသမျှ ဂြိုလ်တွေဟာ ရေပေါ်ကို မ‌ပေါ်နိုင်ပါဘူး။ စနေဂြိုလ်တစ်ဂြိုလ်ပဲ ရေထဲမမြုပ်ပဲ ပေါ်နေနိုင်ပါတယ်။ တကယ်လို့ ဒီဂြိုလ်ကြီးကို ထည့်နိုင်တဲ့ ရေသာ အလုံအလောက်ရှိရင်တော့ သိသိသာသာ မြင်နိုင်ပါလိမ့်မယ်။ စနေဂြိုလ်ဟာ နေအဖွဲ့အစည်းထဲမှာ ဒုတိယမြောက် အကြီးဆုံးဂြိုလ်ကြီးဖြစ်ပါတယ်။

ဒါပေမယ့် ဂြိုလ်ကြီးဟာ ရေထက်သိပ်သည်းမှုနည်းတဲ့ ဓာတ်ငွေ့ (Gas) တွေနဲ့ ဖွဲ့စည်းထားတာပါ။ ဆိုတော့ ရေထက်ပေါ့တယ်ဆိုကတည်းက ဂြိုလ်ကြီးဟာ ရေပေါ်ပေါ်နိုင်ပါတယ်။ တခြားဂြိုလ်တွေကတော့ ထုထည်များပြီး ရေထက်လေးတာကြောင့် ရေပေါ်မပေါ်နိုင်ပါဘူး။ စနေဂြိုလ်ကြီးကတော့ ကြီးသလောက်လည်း မလေးနေသလို ထုထည်လည်း မရှိသလောက်ပါပဲ။ စနေဂြိုလ်ဟာ ဒုတိယအကြီးဆုံး ဖြစ်သလို့ အပေါ့ဆုံးဂြိုလ်လည်း ဖြစ်ပါတယ်။ Fun Fact အနေနဲ့ စနေဂြိုလ်တစ်နှစ်ဟာ ကမ္ဘာနှစ် ၂၉.၄၅၇ နှစ်ဖြစ်ပြီး ကမ္ဘာရက်နဲ့ဆို ၁၀,၇၅၉ ရက်ရှိပါတယ်။

သတင်းအရင်းမြစ်: Cool Cosmos

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။