ပရိသတ်ကြီးရေ သရုပ်ဆောင် ဘေဘီမောင်ကတော့ မကြာသေးမီက သမီးဦးလေးတစ်ယောက်ကို မွေးဖွားလိုက်ပြီပဲ ဖြစ်ပါတယ်။ ဘေဘီမောင်ရဲ့ သမီးလေး အရမ်းကိုချစ်ဖို့ကောင်းပြီး ဖေဖေနဲ့မေမေတို့ရဲ့ မျက်နှာလေးနဲ့ လုံးဝကို ချွတ်စွတ်တူလွန်းလှပါတယ်။ တစ်ဦးတည်းသော တူမလေးဖြစ်တာကြောင့် တီတီ သံဇဉ်မောင်ကလည်း တူမလေးကို ချစ်မဝ ဖြစ်နေပါတယ်။ 

Than Sin Maung’s Facebook
Than Sin Maung’s Facebook

မေမေ ဘေဘီမောင်က သူမရဲ့ သမီးလေးကို ပြီးခဲ့တဲ့ ၂၄ ရက်နေ့မှာ မွေးဖွားခဲ့တာ ဖြစ်တာကြောင့် ဗုဒ္ဓဟူးသမီး သမီးလေး ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သမီးလေးကို မွေးဖွားခဲ့ပြီးပြီးချင်းမှာ မေမေ ဘေဘီမောင်က သမီးလေးရဲ့ ဓာတ်ပုံလေးတွေနဲ့ ပရိသတ်တွေကို မိတ်ဆက်ပေးခဲ့ပါတယ်။ 

Thandar Zaw’s Facebook 

အခုတစ်ခေါက်မှာလည်း တီတီလေး သံစဉ်မောင်က ချစ်စရာ တူမလေး ဘီလီယံရဲ့ ဗီဒီယိုလေးကို ပရိသတ်တွေအတွက် ဝေမျှပေးခဲ့ပါတယ်။ ဗီဒီယိုလေးထဲမှာ ရက်သားအရွယ်နီတာရဲ သမီးလေးကို ရှင်းရှင်းလင်းလင်းတွေရတာကြောင့် ပရိသတ်တွေက များစွာ အူယားနေကြပါတယ်။ 

Than Sin Maung’s Facebook

သမီးလေး ဘီလီယံက မေမေ ဘေဘီမောင်ထက် ဖေဖေ သားဂန်းနဲ့တောင်ပိုပြီး တူနေပါတယ်နော်။

Thandar Zaw’s Facebook 

ဘေဘီမောင်ရဲ့ သမီးလေး ဘီလီယံရဲ့ မျက်နှာလေးကို အနီးကပ် မြင်ဖူးချင်တဲ့ သူတွေအတွက် အခုဗီဒီယိုလေးကို ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။