တောင်ကိုရီးယားမင်းသမီး Yoon Jin-yi ဟာဆိုရင် မကြာခင်မှာ လက်ထပ်ပွဲကျင်းပတော့မှာဖြစ်ပါတယ်။ Yoon Jin-yi က သူမ လက်ထပ်တော့မယ့် သတင်းကို ဒီကနေ့ အောက်တိုဘာလ ၂၂ ရက်နေ့မှာ တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။ မင်္ဂလာပွဲ အခြေအနေက လက်ရှိမှာ ပြင်ဆင်နေတုန်းပဲရှိသေးတယ်လို့ သိရပြီး အသေးစိတ် အချက်အလတ်ကိုတော့ မသိရှိရသေးပါဘူး။ 

Google 

Yoon Jin-yi ရဲ့သတို့သားလောင်းက အနုပညာ လောကထဲက မဟုတ်တဲ့သူဖြစ်ပြီး အရည်အချင်းရှိတဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။  သူတို့နှစ်ဦးက တွဲနေကြတာ ၂ နှစ်ရှိသွားပြီဖြစ်ပြီးမင်္ဂလာ သတင်းကို အခုမှ ကြေညာခဲ့တာဖြစ်ပါတယ်။ သူတို့ နှစ်ဦးလက်ထပ်မယ့်ကိစ္စကို နှစ်ဦးနှစ်ဖက် မိဘတွေကအစ သဘောတူထားပြီး နှစ်ဖက်မိဘတွေလည်း တွေ့ဆုံပြီးခဲ့ကြပြီးဖြစ်ပါတယ်။ 

Google 

Yoon Jin-yi က ၁၉၉၀ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်တာကြောင့် သူမရဲ့ အသက်က ဒီနှစ်မှာ ၃၂ နှစ်ရှိသွားပြီပဲဖြစ်ပါတယ်။ Yoon Jin-yi က A Gentleman’s Dignity ဇာတ်လမ်းတွဲနဲ့ ၂၀၁၂ ခုနှစ် မှာ ပွဲဦးထွက်လာခဲ့တာဖြစ်ပါတယ်။

Google 

Yoon Jin-yi ရယ်လို့ ပရိသတ်တွေ အသိများခဲ့တဲ့ ဇာတ်လမ်းတွဲတွေက Discovery of Love ၊  Happy Home နဲ့  My Only One တို့ပဲဖြစ်ပါတယ်။ 

Google 
Google 

မကြာသေးမီက Yoon Jin-yi က  Young Lady and Gentleman ဇာတ်လမ်းထဲမှာပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ တောင်ကိုရီးယားမင်းသမီး Yoon Jin-yi အောက်တိုဘာလမှာ မင်္ဂလာဆောင်ပြီးလက်ထပ်တော့မယ်အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။