တောင်ကိုရီးယားယောကျာ်းလေးများ အဆိုတော် အဖွဲ့ BTS ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Jungkook  ဟာဆိုရင်အကိုဖြစ်သူကို ဝမ်ဘီလီယံနဲ့ချီတဲ့ အဆောက်အအုံကြီးတစ်ခု လက်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ 

Google 
Google 

ဒီအကြောင်းအရာကို Mnet ရဲ့ TMI NEWS SHOW အစီအစဉ်ရဲ့ နောက်ဆုံးအပိုင်းမှာဖော်ပြခဲ့တာဖြစ်ပါတယ်။အဆိုပါ အစီအစဉ်မှာ Jungkook က အစ်ကိုဖြစ်သူကို ဝမ်၄ ဘီလီယံ တန်ကြေး ရှိတဲ့ အဆောက်အအုံကြီးလက်ဆောင်ပေးထားတယ်ဆိုတဲ့ အကြောင်း ကို အချက်အလတ်တွေနဲ့တကွ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။   

Google 
Google 
Google 

အစီအစဉ်တင်ဆက်သူ Boom က Yongsan-gu မှာရှိတဲ့ အဆောက်အအုံကြီးကို Jungkook က အကိုဖြစ်သူ ကိုလက်ဆောင်ပေးခဲ့တာဖြစ်ကြောင်း တန်ဖိုးမြင့် အဆောက်အအုံကြီးရဲ့ တန်ကြေးရဲ့ ထိန်းသိမ်းစားရိတ်နဲ့တင် ဝမ်၈သိန်း အထိရှိကြောင်း ၊ Jangkook က အစ်ကိုဖြစ်သူအတွက် ၂၀၁၉ ခုနှစ်က အဆိုပါ အဆောက်အအုံကြီးကိုဝယ်ပေးခဲ့တာဖြစ်ကြောင်း အဲဒီတုန်းက တန်ကြေးက ၂.၉၈ ဘီလီယံဝမ်အထိ ရှိကြောင်း ကြေညာပေးခဲ့ပါတယ်။ 

Google 

အစ်ကိုဖြစ်သူအပေါ် Jangkook တစ်ယောက် ရက်ရက်ရောရော လက်ဆောင်ပေးခဲ့တဲ့ သတင်း ထွက်ပြီး မကြာခင်မှာပဲ ပရိသတ်တွေက များစွာ အားကျနေကြပါတယ်။ 

Google 
Google 
Google 

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ BTS အဖွဲ့ဝင် Jungkook ရဲ့ အစ်ကိုဖြစ်သူအပေါ် ရက်ရောမှုကြီးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။