ပရိသတ်ကြီးရေ သရုပ်ဆောင်ဘေဘီမောင်ကတော့ သူမရဲ့ သမီးဦးလေး ဘီလီယံကို ဒီကနေ့ ဩဂုတ်လ ၂၄ ရက်နေ့မှာ အောင်မြင်စွာ မွေးဖွားလိုက်ပြီပဲ ဖြစ်ပါတယ်။

Thandar Zaw’s Facebook 

 မေမေဘေဘီမောင်က သမီးဦးလေးကို ခွဲမွေးခဲ့တာ မဟုတ်ဘဲရိုးရိုး မွေးခဲ့တာဖြစ်ပါတယ်နော်။ လက်ရှိမှာ မေမေရော သမီးလေးရောက နေကောင်းကျန်းမာလျက်ရှိပါတယ်။ 

Thandar Zaw’s Facebook 

မေမေဘေဘီမောင်က ရင်သွေးလေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပြီဖြစ်ကြောင်းကို သမီးလေးရဲ့ ပုံရိပ်လေးတွေနဲ့တကွ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ အသိပေးခဲ့တာဖြစ်ပါတယ်။ ဘေဘီမောင်ရဲ့ ရင်သွေးလေးက ဗုဒ္ဓဟူးသမီးလေးဖြစ်ပြီး ထွားထွားလေးပါနော်။ တော်တော်ချစ်ဖို့ကောင်းပါတယ်။ 

Thandar Zaw’s Facebook 
Thandar Zaw’s Facebook 
Thandar Zaw’s Facebook 

သရုပ်ဆောင် ဘေဘီမောင်က အဆိုတော် သားဂန်းနဲ့ လက်ထပ်ထားပြီး သာယာပျော်ရွှင်စရာ အိမ်ထောင်ရေးလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။ 

Thandar Zaw’s Facebook 

ဂုဏ်ယူပါတယ်နော် မေမေဘေဘီမောင်ရေ.. ထပ်တူဝမ်းသာရပါတယ်။?

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။