တောင်ကိုရီးယားမင်းသား Kim Rae-won ဟာဆိုရင် တစ်ခါတုန်းက တက္ကသိုလ် (Love Story in Harvard) နဲ့ခေါင်မိုးပေါ်ကကြောင်ကလေး (Cats on the Roof) ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ တခဲနက် အားပေးခြင်းကို ခံခဲ့ရတဲ့သူဖြစ်ပါတယ်။ အပြုံးချိုချိုလေးနဲ့ ရယ်လိုက်ရင် ရင်ထဲကို အေးသွားစေတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့Kim Rae-won ဟာ စွပ်စွဲချက်တစ်ခုကြောင့် အနုပညာ လောကကနေ ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့ရတဲ့ မင်းသားဖြစ်ပါတယ်။ 

Google 
Google 
Google 

Kim Rae-won က ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၈ ရက်တုန်းက ဂန်းနန်းမှာ ရှိတဲ့ ဘားတစ်ခုမှာ အမျိုးသမီးစားပွဲထိုးတစ်ယောက်ကို ရုပ်ပိုင်းဆိုင်ရာ အသားယူခြင်း ၊ ထိပါးခြင်း ပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ရှိခဲ့ပါတယ်။ အဆိုပါ စွပ်စွဲချက်ကို Kim Rae-won က ငြင်းဆန်ခဲ့ပြီး ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းမဟုတ်ကြောင်း ၊ အမျိုးသမီးစားပွဲထိုးနဲ့အေဂျင်စီဘက်က တာဝန်ရှိသူ စကားများတာကို ကြားဝင်ဖြေရှင်းပေးခဲ့တာဖြစ်ကြောင်း သူ့ကြောင့် စိတ်မနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ကြောင်း ဆိုခဲ့ပါတယ်။ 

Google 
Google 

လူသိရှင်ကြားတောင်းပန်ခဲ့ပေမယ့်လည်း Kim Rae-won ဟာ ၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ A Thousand Days' Promise ဇာတ်လမ်းတွဲအပြီးမှာ ၃ နှစ်ကြာ အနုပညာ လှုပ်ရှားမှုတွေကနေ အနားယူခဲ့ပါတယ်။ 

Google 

၂၀၁၄ ခုနှစ်မှာတော့Punch ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရှေ့ကို ပြန်ရောက်လာခဲ့ပြီး အောင်မြင်မှုတွေ ပြန်လည်ရယူနိုင်ခဲ့ပါတယ်။ Kim Rae-won က မကြာသေးမီက L.U.C.A.: The Beginning ဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့ပါတယ်။ လက်ရှိမှာတော့ The Police Station Next to the Fire Station ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ သတင်းကောင်းလေးတစ်ခုကတော့ Kim Rae-won က အသက် ၄၁ နှစ်အရွယ်ရှိပြီပဲ တစ်ကိုယ်တည်း လူပျိုကြီး ဖြစ်နေတုန်းပဲ ဖြစ်ပါတယ်။

Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။