အချစ်သစ်ပင် Three of Heaven (၂၀၀၆) ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်ရှိခဲ့တဲ့ တောင်ကိုရီးယားမင်းသား Lee Wan ကို အားလုံးပဲ သေချာပေါက်သိကြမှာပါနော်။ Lee Wan က နာမည်ကြီးပြီး အောင်မြင်တဲ့သူတစ်ယောက်ဆိုပေမယ့် ဇာတ်လမ်းတွဲတွေထဲမှာ တွေ့ရခဲတဲ့ မင်းသားဖြစ်ပါတယ်။ Lee Wan ရဲ့ နာမည်အရင်းကKim Hyung-soo ဖြစ်ပြီး ၂၀၀၃ ခုနှစ်မှာ စတင်ပြီး ပွဲဦးထွက်လာခဲ့တဲ့သူဖြစ်ပါတယ်။ 

Google 
Google 

Lee Wan  ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်လမ်းတွဲတွေက My Fair Lady (SBS, 2003) ၊ Nursery Story (MBC, 2003) ၊Stairway to Heaven (SBS, 2003) ၊ Snow White: Taste Sweet Love (KBS2, 2004) ၊ Little Women (SBS, 2004) ၊ Let's Go to the Beach (SBS, 2005) ၊ Tree of Heaven (SBS, 2006) ၊ Magnolia no Hana no Shita de (Fuji TV, 2007) ၊ In-soon Is Pretty (KBS2, 2007) ၊ Ryokiteki na Kanojo (TBS, 2008) (cameo) ၊Swallow the Sun (SBS, 2009) ၊ It's Not Over Yet (SNS, 2013) နဲ့ Our Gap-soon (SBS, 2016–2017) တို့ပဲဖြစ်ပါတယ်။ Lee Wan ကို အခုနောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်လမ်းတွဲတွေထဲ ပါဝင်သရုပ်ဆောင်တာ သိပ်မတွေ့ရတော့ပါဘူး။ 

Google 

Lee Wan ရဲ့ အအောင်မြင်ဆုံးဖြစ်တဲ့ ဇာတ်လမ်းတွဲကတော့ အချစ်သစ်ပင်ပဲဖြစ်ပါတယ်။ ဇာတ်ကောင်နဲ့ ထပ်တူကျလွန်းတဲ့ သရုပ်ဆောင်ချက်တွေရယ် ရင်ထဲစို့နင့်စေမယ့် ဇာတ်လမ်းပုံစံရယ်ကြောင့် အချစ်သစ်ပင် ဇာတ်လမ်းထဲက Lee Wan ရဲ့ လေချွန်သံက ပရိသတ်တွေကြားမှာ လှိုင်းတစ်ခုလိုမျိုးအထိ ပြန့်နှံ့သွားခဲ့ပါတယ်။ 

Google 

Lee Wan က ၂၀၁၀ ခုနှစ်မှာ စစ်မှုထမ်းခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ စစ်မှုထမ်းကာလ ပြီးဆုံးခဲ့ပါတယ်။ Lee Wan ကတောင်ကိုရီးယား နာမည်ကြီး မင်းသမီး Kim Tae Hee ရဲ့ မောင်လေးလည်း ဖြစ်ပါတယ်။ 

Google 

Lee Wan က ၂၀၁၉ ခုနှစ်မှာ ဂေါက်ကစားသမား Lee Bo Mee နဲ့ လက်ထပ်ခဲ့ပြီး သာယာပျော်ရွှင်စရာအိမ်ထောင်ရေးလေးကို တည်ဆောက်ထားပါတယ်။

Google 
Google 

 လက်ရှိမှာ Lee Wan ရဲ့ အသက်က ၃၈ နှစ်ရှိနေပြီပဲဖြစ်ပါတယ်။ နာမည်ကြီးပြီးအောင်မြင်မှုတွေ သိမ်းကြုံးရရှိခဲ့ပေမယ့်လည်း ဇာတ်လမ်းတွဲ နည်းနည်းသာ ရိုက်ကူးခဲ့တဲ့တောင်ကိုရီးယားမင်းသား Lee Wan ရဲ့အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။