တရုတ်နိုင်ငံ လူမှုကွန်ရက်စာမျက်နှာ ပေါ်မှာဆောင်းဟေကိုနဲ့ဆောင်းဂျွန်ကီတို့ ကွာရှင်းခဲ့တဲ့သတင်းဟာ ပြန်ပြီးနာမည်ကြီး လူပြောများနေခဲ့ပါတယ်။ အဆိုပါသတင်းတွေက ၃ ရက်တိုင်အောင် ထိပ်တန်း သတင်းအဖြစ် တည်ရှိနေခဲ့တာကြောင့် လူစိတ်ဝင်စားမှု မြင့်တက်နေတာဖြစ်ပါတယ်။ 

Google

အဲဒီထဲက လူပြောအများဆုံး ကောလာဟလက ဆောင်းဟေကိုက ယောကျာ်းတစ်ယောက်ကို အိမ်ကို ခေါ်လာခဲ့တယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ ဆောင်းဟေကိုက ယောကျာ်းတစ်ယောက်ကို အိမ်ကိုလက်ချင်းချိတ်ပီးခေါ်ခဲ့တာကို သိခဲ့တဲ့ ဆောင်းဂျွန်ကီက သိပြီးပြီးချင်းမှာပဲ ကွာရှင်းဖို့အတွက် လုပ်ခဲ့တာလို့ ပြောနေကြပါတယ်။ကောလာဟလတွေ ပြန့်နှံ့လာပြီးပြီးချင်းမှာပဲ Netizen တွေက ဆောင်းဟေကို ကို ဝိုင်းဆဲကြပြီး နာမည်ကြီးမင်းသားတိုင်းနဲ့ တွဲဖူးတဲ့သူလို့ ဝိုင်း အပြစ်တင်ထားကြပါတယ်။ 

Google

တချို့ပရိသတ်တွေကတော့ အချိန်ကြာမြင့်နေပြီဖြစ်တဲ့ သတင်းဟောင်း ပြန်တက်လာတာကြောင့်တစ်စုံတစ်ယောက်က hotsearch bar ကို ဝယ်ယူထားတာဖြစ်နိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။ 

Google

Netizen တွေရဲ့ comment အချို့ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ 

 “တစ်ယောက်ယောက်က hotsearch ကို ဝယ်ခဲ့တာလား  .. သူတို့ကွာရှင်းထားတာဖြင့် အချိန်မနည်းတော့ဘူး။အခြေအမြစ်မရှိတဲ့ ကောလာဟလတွေတော်ကြပါတော့” 

 “တစ်ယောက်ယောက် ဘာဖြစ်နေလဲဆိုတာ ပြောပြလို့ရမလား .. ဘာလို့ ဆောင်းဟေကိုက ပြန်ပြီး trending ဖြစ်နေတာလဲ .. သူတစ်ခုခုဖြစ်နေလို့လား” 

Google

“ကွာရှင်းတဲ့သတင်းတွေ ပြန်တက်လာတယ်ဆိုတော့  .. ပြဿနာတစ်ခုခုများ ဖြစ်ကြဦးမယ်လို့ ထင်တယ်” 

စတဲ့ မှတ်ချက်တွေ အများအပြားပေးထားကြပါတယ်။ သတင်းတွေက မှန်မှန်တော့ မသေချာပေမယ့် ဆောင်းဆောင်းစုံတွဲ ကွာရှင်းခဲ့တာနဲ့ ပတ်သတ်တဲ့ သတင်းတွေက ပြန်လည်ပြီး Trending ဖြစ်နေခဲ့ပါတယ်။

Google

Source - Kbizoom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။