ဆာဟာရဟာ ကမ္ဘာ့အကြီးဆုံး ပူပြင်းတဲ့ သဲကန္တာရဖြစ်ပါတယ်။ ကန္တာရကြီးဟာ အာဖရိကမြောက်ပိုင်းရှိ နိုင်ငံ ၁၁ နိုင်ငံမှာ တည်ရှိပါတယ်။ အယ်လ်ဂျီးရီးယား၊ ချဒ်၊ အီဂျစ်၊ လစ်ဗျား၊ မာလီ၊ မော်ရီတေးနီးယား၊ မော်ရိုကို၊ နိုင်ဂျာ၊ အနောက်ဆာဟာရ၊ ဆူဒန်နှင့် တူနီးရှား စတဲ့နိုင်ငံတွေဟာ ဒီသဲကန္တရကြီးထဲမှာ ရှိပါတယ်။ အနောက်ဘက်မှာ အတ္တလန္တိတ်သမုဒ္ဒရာ၊ အရှေ့ဘက်မှာ ပင်လယ်နီ၊ မြောက်ဘက်မှာ မြေထဲပင်လယ်နှင့် တောင်ဘက်မှာ Sahel Savannah တို့နဲ့ နယ်နိမိတ်ချင်းထိစပ်နေပါတယ်။

ပူပြင်းတဲ့ သဲကန္တာရမှာ ဆီးနှင်းကျတယ်ဆိုတာ မဖြစ်နိုင်ဘူး ဆန့်ကျင်ဘက်လို့ ထင်ရ‌ပေမယ့်လည်း ပြီးခဲ့သတဲ့ ဆယ်စုနှစ်များအတွင်းမှာ ဆာဟာရ သဲကန္တာရမှာ ဆီးနှင်းများ ကျခဲ့ဖူးပါတယ်။ ဆီးနှင်းကျခြင်းမှာ ပုံမှန်မဟုတ်‌သလို ဒေသတွင်းမှာ မကြုံစဖူး နှင်းများ ကျရောက်ခဲ့တာပါ။ ဒီလောက်ကြီးမားပြီး ပူပြင်းလှတဲ့ သဲကန္တာရကြီးမှာ နှင်းကျတယ်ဆိုတာ ဘယ်လိုမှကို မအံ့ဩဘဲ မနေနိုင်ပါဘူး။

၁၉၇၉ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ဟာ ဆာဟာရသဲကန္တာရအစွန်းရှိ အယ်လ်ဂျီးရီးယားက Ain Sefra မှာ နေထိုင်သူများအတွက် အထူးနေ့ဖြစ်ခဲ့ပါတယ်။ဆာဟာရ သဲကန္တာရထဲမှာ ဆီးနှင်းတွေ ကျဆင်းနေတာကို ပထမဆုံးအကြိမ် မြင်တွေ့ရတဲ့အတွက် ဒါဟာ ထူးခြားပါတယ်။ ပျမ်းမျှအပူချိန်မတက်မီ မိနစ် ၃၀ ခန့် နှင်းကျခဲ့ပြီး နှင်းများ လျင်မြန်စွာ အရည်ပျော်သွားခဲ့ပါတယ်။ အဲ့အချိန်ကစပြီး၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ အလာတူ ထပ်မံဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၇, ၂၀၁၈, ၂၀၂၁ နဲ့ ၂၀၂၂ တို့မှာလည်း နှင်းများကျခဲ့ပေမယ့် ၂၀၁၆ ‌တုန်းကလောက် မဆိုးဝါးခဲ့ပါဘူး။

သတင်းအရင်းမြစ်: The Conversation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။