တရုတ်နိုင်ငံရဲ့အဆိုတော်တစ်ယောက်ဖြစ်သလို Influencer တစ်ယောက်လည်းဖြစ်တဲ့  Han Pei Quan ဟာဆိုရင်မကြာသေးမီက ပြုလုပ်ခဲ့တဲ့ livestream မှာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ဖို့ ကြိုးစားခဲ့တယ်ဆိုပြီး အင်တာနက်ပေါ်မှာ ရှာဖွေမှု မြင့်တက်နေပါတယ်။ 

Google 
Google 

Han Pei Quan သေကြောင်းကြံစည်ဖို့ ကြိုးစားခဲ့ရတဲ့ အကြောင်းအရင်းက ပရိသတ်တွေက ဆေးသုံးစွဲတယ်ဆိုပြီးစွပ်စွဲကြလို့ ဖြစ်တယ်လို့ သိရပါတယ်။ ကောလာဟလတွေ ထွက်ပြီး မကြာခင်မှာပဲ Han Pei Quan က ဆေးသုံးစွဲတယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆန်ခဲ့ပြီး ဆေးမသုံးကြောင်းကို သက်သေပြနိုင်တယ်လို့ Weibo လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့်လည်း ကောလာဟလတွေကို ဖြေရှင်းမပေးနိုင်ခဲ့ဘဲ ဆဲဆိုတဲ့မှတ်ချက်တွေသာပိုပြီးရရှိခဲ့ပါတယ်။ 

Google 

ဒါကြောင့် Han Pei Quan က ကောလာဟလတွေကို ချေဖျက်ဖို့ အတွက် Live လွှင့်ခဲ့တာဖြစ်ပါတယ်။ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ် ပြုလုပ်နေစဉ်မှာ Han Pei Quan ရဲ့ မျက်နှာက အရမ်းကို ပျက်နေခဲ့ပြီး စိတ်အရမ်း ထိခိုက်နေတယ်ဆိုတာ ပေါ်လွင်နေတယ်လို သိရပါတယ်။ 

Google 

Han Pei Quan က တကယ်လို့ သူသာသေဆုံးသွားမယ်ဆိုရင် ကမ္ဘာကြီးတစ်ခုလုံးတောင်းပန်ရမှာဖြစ်ကြောင်း ၊ သူ့ရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းကြီးတစ်ခုလုံးလည်း ပျက်စီးသွားမှာဖြစ်ကြောင်း ၊ ဖျော်ဖြေစရာ စင်မြင့်လည်းရှိမှာမဟုတ်တော့ကြောင်း ၊ နောက်ဘဝဆိုတာသာ ရှိခဲ့မယ်ဆိုရင် အဖွားကို ပိုကောင်းတဲ့ဘဝပေးမယ်လို ကတိပေးကြောင်း ၊ သူ့ဆီမှာ ချစ်ရတဲ့သူလည်းချစ်ကြောင်း ၊ ကောင်မလေးက အစစအရာရာ ဂရုစိုက်ပေးပေမယ့်ကောင်မလေးကို ပြဿနာတွေသာ ပေးခဲ့မိကြောင်း စတဲ့  အကြောင်းအရာတွေကို ပြောခဲ့ပြီး ပရိသတ်တွေကိုတောင်းပန်ကာ ပြတင်းပေါက်ကနေ ခုန်ချခဲ့ပါတယ်။ 

Google 
Google 

တိုက်ရိုက်ထုတ်လွှင့်နေရင်းနဲ့ ပြတင်းပေါက်ပေါ်ကနေ တကယ်ကြီး ခုန်ချသွားခဲ့တာကြောင့် ကြည့်ရှုသူတွေက များစွာ စိုးရိမ်ခဲ့ကြပြီး အံ့သြတုန်လှုပ်ခဲ့ကြပါတယ်။ ကံကောင်းစွာနဲ့ပဲ Han Pei Quan ကိုအချိန်မီ ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ တရုတ်အဆိုတော် Han Pei Quan ဟာဆိုရင်  ၂၀၀၀ ခုနှစ်မှာ မွေးဖွားခဲ့တဲ့သူဖြစ်ပြီး ကောင်းမွန်တဲ့ မိသားစု နောက်ခံ မရှိတဲ့သူဖြစ်ပါတယ်။ Han Pei Quan ကို သူ့ရဲ့ မိခင်အရင်းက နာမကျန်းဖြစ်နေတဲ့ အဖေနဲ့အဖွားဖြစ်သူဆီမှာ ထားခဲ့တယ်လို သိရပါတယ်။ နှစ်အနည်းငယ်အကြာမှာပဲ ဖခင်ကြီးက ဆုံးပါးသွားခဲ့တာကြောင့်Han Pei Quan ကို အဖွားဖြစ်သူကပဲ ပြုစုစောင့်ရှောက်ပေးခဲ့တာဖြစ်ပါတယ်။

Google 

ငယ်စဉ်ကတည်းက စိတ်ဒဏ်ရာ ရှိထားတဲ့ Han Pei Quan ဟာ ကျောင်းတွင်း အနိုင်ကျင့်မှုတွေကို ခံခဲ့ရရုံသာမကစာမွေးပွဲရလာဒ်မကောင်းတာကြောင့် ဆရာမတွေဆီက ဆိုးဆိုးရွားရွား ဆက်ဆံခြင်း ခံခဲ့ရတယ်လို့ သိရပါတယ်။

Google 

Han Pei Quan ဟာ ကျန်းမာရေး အခြေအနေလည်း မကောင်းတဲ့သူဖြစ်တာကြောင့် ခွဲစိတ်မှု ၈ ကြိမ်တိတိလုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။ ထွက်ရှိလာတဲ့ ကောလာဟလတွေကို မခံနိုင်တာကြောင့် Han Pei Quan ဟာအခုလိုမျိုး  Live လွှင့်ရင်း သေကြောင်းကြံစည်ခဲ့တာဖြစ်တယ်လို ယူဆထားကြပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။