တောင်ကိုရီးယား နာမည်ကြီး အဆိုတော် ၊ သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ Eric ဟာဆိုရင် ယမန်နေ့ သြဂုတ်လ၂၃ ရက်နေ့က ပရိသတ်တွေကို အံ့ဩဖို့ကောင်းတဲ့ သတင်းကောင်းတစ်ခု ပါးလိုက်ပြီပဲ ဖြစ်ပါတယ်။

Google

 အဆိုပါသတင်းလေးကတော့ Eric က မကြာခင်မှာ ကလေး အဖေ ဖြစ်တော့မယ်ဆိုတဲ့ သတင်းလေးပဲဖြစ်ပါတယ်။ Eric နဲ့သူ့ရဲ့ ဇနီးဖြစ်သူတို့က လက်ထပ်ထားတာ ၆ နှစ်ကြာသွားပြီဖြစ်ပေမယ့် ရင်သွေးလေးကိုတော့ အခုမှ ရရှိပိုင်ဆိုင်ကြမှာ ဖြစ်ပါတယ်။ 

Google 

Eric က သရုပ်ဆောင်တစ်ယောက်ဖြစ်သလို တောင်ကိုရီးယား ယောကျာ်းလေးများအဆိုတော်အဖွဲ Shinhwa ရဲ့အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။ Eric နဲ့ သူ့ကောင်မလေးတို့က အသက် ၁၂ နှစ် တိတိ ကွာပြီး ၅ နှစ်ကြာတွဲပြီးတဲ့နောက် ၂၀၁၇ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ Eric နဲ့ Na Hye Mi တို့က သူတို့ရဲ့ မင်္ဂလာပွဲကို ဆိုးလ်မြို့မှာရှိတဲ့ Church ကျောင်းမှာပဲ အကျဉ်းချုံး ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ 

Google 
Google 

လက်ထပ်ပြီး ၆ နှစ်အကြာမှာတော့ Eric က မကြာခင်မှာ ပထမဦးဆုံး ရင်သွေးလေးကို ရရှိပိုင်ဆိုင်တော့မှာဖြစ်ကြောင်း ပရိသတ်တွေကို သတင်းကောင်းလေး ပါးပေးခဲ့ပါတယ်။ 

Google 

ဂုဏ်ယူပါတယ်နော် Eric ရေ … ရင်သွေးလေးကို ကျန်းကျန်းမာမာနဲ့ ရရှိပိုင်ဆိုင်ပြီး သာယာပြည့်စုံတဲ့ မိသားစုလေးကို ပိုင်ဆိုင်နိုင်ဖို့အတွက်ဆုတောင်းပေးလိုက်ပါတယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။