တောင်ကိုရီးယားမင်းသမီး Yoon Eun-hye ဟာဆိုရင် ရွှေမင်းသားလေး ချစ်ပုံပြင် ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့အားပေးမှုကို တခဲနက်ရရှိခဲ့တဲ့သူဖြစ်ပါတယ်။ Yoon Eun-hye ကို ၁၉၈၄ ခုနှစ်မှာ မွေးဖွားခဲ့တာကြောင့် သူမအသက်က ၃၇ နှစ်ရှိနေပြီပဲဖြစ်ပါတယ်။ Yoon Eun-hye က သရုပ်ဆောင် ၊ အဆိုတော် တစ်ယောက်ဖြစ်ရုံသာမကမော်ဒယ်တစ်ယောက်အနေနဲ့လည်း အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ခဲ့တဲ့ သူဖြစ်ပါတယ်။ Yoon Eun-hye ပါဝင်သရုပ်ဆောင်ထားတဲ့ နာမည်ကြီး ဇာတ်လမ်းတွေက Princess Hours (2006) ၊ The Vineyard Man (2006) ၊Coffee Prince (2007) ၊ My Fair Lady (2009) ၊ Lie to Me (2011) နဲ့ Missing You (2012) ဇာတ်လမ်းတွဲတွေပဲဖြစ်ပါတယ်။

Google 
Google 

Yoon Eun-hye က သရုပ်ဆောင်ပိုင်းမှာ တစ်ဖက်ကမ်းခပ် တော်လွန်းရုံသာမက Baby Vox အဖွဲ့မှာလည်း ၁၉၉၉ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အထိ ပါဝင်ခဲ့ပါသေးတယ်။ ဒါကြောင့် Yoon Eun-hye  က အခု နောက်ပိုင်းမှာ နာမည်ကြီးပြီးအောင်မြင်မှုတွေရရှိနေတဲ့ မိန်းကလေးအိုင်လ်ဒေါ အဆိုတော်အဖွဲ့တွေရဲ့ စီနီယာတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ Yoon Eun-hye က အိုင်လ်ဒေါတစ်ယောက်ဖြစ်ခဲ့တယ်ဆိုပေမယ့်လည်း Anti-fan ပိုများခဲ့တဲ့ သူဖြစ်ပါတယ်။Anti- fan တစ်ယောက်က  Yoon Eun-hye မျက်လုံး ကန်းသွားစေဖို့အတွက်ရည်ရွယ်ပြီး ငရုတ်ရည်တွေနဲ့ မျက်လုံးကို ပက်ခဲ့တယ်လို့ သိရပါတယ်။ 

Google 

Yoon Eun-hye က အိုင်လ်ဒေါလောကကနေ အနားယူပြီး သရုပ်ဆောင်လောကထဲကို ဝင်ခဲ့ပြီးနောက်မှာ ရွှေမင်းသားလေး ချစ်ပုံပြင် ဇာတ်လမ်းနဲ့ အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ ရွှေမင်းသားလေး ချစ်ပုံပြင်ဇာတ်လမ်းတွဲ အပြီးမှာလည်း ရိုက်သမျှဇာတ် ကားတိုင်း တဟုန်ထိုး လူကြည့်များ အောင်မြင်ခဲ့ပါတယ်။ 

Google 

၂၀၀၉ ခုနှစ်မှာ Yoon Eun-hye က KBS ရဲ့ ဒရမ်မာတစ်ခုဖြစ်တဲ့ My Fair Lady ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အခြားဇာတ်လမ်းတွဲတွေနဲ့ မတူဘဲ Yoon Eun-hye ရဲ့ သရုပ်ဆောင်ချက်တွေက ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။ ပရိသတ်တွေက Yoon ကို  လုပ်ပြီးတမင် အာရုံစိုက်ခံရအောင်သရုပ်ဆောင်နေတယ်ဆိုပြီး ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။  Yoon Eun-hye ဟာ ဖက်ရှင်ဒီဇိုင်းတွေနဲ့ ပတ်သက်ပြီးတော့လည်း သူမဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ တရုတ် ဖက်ရှင် အစီအစဉ်ဖြစ်တဲ့ Goddess Fashion မှာ ဆုရရှိခဲ့ပါတယ်။ ဆုရရှိခဲ့ပြီးနောက်မှာ Yoon Eun-hye ရဲ့ ဖက်ရှင်ဒီဇိုင်းတွေက ကိုရီးယားဖက်ရှင် ဒီဇိုင်နာ Yoon Choon Ho ရဲ့ ဒီဇိုင်းတွေကို ခိုးယူထားတယ်ဆိုပြီး ဝေဖန်ခြင်းတွေ ခံခဲ့ရပြန်ပါတယ်။ ဒါပေမယ့်လည်း Yoon Eun-hye ကအပြစ်ကို ဝန်မခံခဲ့ဘဲ ငြင်းဆန်ဖို့ ကြိုးစားခဲ့ပါတယ်။ 

Google 

Yoon Eun-hye က တစ်ခေတ်တစ်ခါက အောင်မြင်မှုတွေ အများကြီး ရရှိခဲ့တယ်ဆိုပေမယ့်လည်း တစ်စတစ်စပေါ်ပေါက်လာတဲ့ နာမည်ပျက်တွေကြောင့် တဖြည်းဖြည်း နာမည်ကျဆင်းခဲ့ရပါတယ်။ 

Google 

အခုနောက်ပိုင်းမှာ Yoon Eun-hye ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေကို တွေ့တောင်မတွေ့ရတော့ပါဘူး။ သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ နောက်ဆုံး ဇာတ်လမ်းတွဲကတော့ ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Go Go Song  ဇာတ်လမ်းပဲဖြစ်ပါတယ်။လက်ရှိမှာဆိုရင် Yoon Eun-hye က သူမရဲ့ နာမည်ကို ပြန်ပြီးဆယ်နိုင်ဖို့အတွက် အတက်နိုင်ဆုံး ကြိုးစားခဲ့လျက်ရှိပါတယ်။ Yoon Eun-hye က လက်ရှိမှာ တွဲနေတဲ့သူ မရှိသေးသလို အိမ်ထောင်ပြုထားခြင်းလည်း မရှိသေးပါဘူး။

Google 

တစ်ခေတ်တစ်ခါက လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပြီးမှ နာမည်ကျဆင်းခဲ့ရတဲ့ တောင်ကိုရီးယားမင်းသမီးYoon Eun-hye ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက်ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။