Barbie Hsu ဟာဆိုရင် ထိုင်ဝမ်နာမည်ကြီး အဆိုတော် ၊ သရုပ်ဆောင်တစ်ယောက်ဖြစ်သလို အစီအစဉ်တင်ဆက်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ Barbie Hsu က ပေကျင်းနာမည်ကြီး စီးပွားရေး လုပ်ငန်းရှင်ဖြစ်တဲ့ Wang Xiaofei နဲ့ ၂၀၁၁ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး သားလေးတစ်ယောက် သမီးလေးတစ်ယောက် ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူတို့နှစ်ဦးရဲ့ အိမ်ထောင်ရေးက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ အဆုံးသတ်ခဲ့ပါတယ်။အိမ်ထောင်အဆုံးသတ်ပြီး မကြာခင်မှာ Barbie Hsu က နောက်ထပ် အိမ်ထောင်ပြုဖို့ ရွေးချယ်ခဲ့ပြီး ငယ်ချစ်ဟောင်းဖြစ်သူ DJ Koo နဲ့ ၂၀၂၂ ခုနှစ်မှာရွှေလက်တွဲခဲ့ပါတယ်။ 

Google
Google
Google

မိန်းမဖြစ်သူနဲ့ကွာရှင်းပြီးတဲ့နောက်မှာ တရုတ်စီးပွားရေး သမား Wang Xiaofei က သူ့ရဲ့ follower တွေကို ဆိုရှယ်မီဒီယာပေါ် ကနေ တစ်ဆင့် ဆက်သွယ်ခဲ့ပါတယ်။ ဗီဒီယိုထဲမှာ တွေ့ရတဲ့ Wang Xiaofei ရဲ့ မျက်နှာက နီရဲနေပြီးမျက်လုံးတွေကလည်း ရီဝေရီဝေဖြစ်နေပါတယ်။ ဒါကြောင့် ကြည့်ရှုသူတွေက Wang Xiaofei ကို အရက်သောက်ထားတယ်ဆိုပြီး သုံးသပ်ထားကြပါတယ်။  

Google

Wang Xiaofei တစ်ယောက် Livestream လုပ်နေတဲ့ ဗီဒီယိုထဲမှာ အမှတ်မထင် ဓာတ်ပုံလေးတစ်ပုံလည်း ပါလာခဲ့ပါတယ်။ ဓာတ်ပုံထဲမှာ သူနဲ့ Barbie Hsu တို့ရဲ့ မင်္ဂလာဆောင်ဓာတ်ပုံလေးကိုထင်ထင်ရှားရှားတွေ့ရပါတယ်။ပရိသတ်တွေက Wang Xiaofei တစ်ယောက် ဘာဘီဆုနဲ့ ကွာရှင်းခဲ့ပေမယ့်လည်း ဇနီးဟောင်း ဖြစ်သူကို မေ့မရသေးဘူးလို့ အခုအချိန်အထိ မှတ်ယူထားပါတယ်။

Google

 Wang Xiaofei နဲ့ Barbie Hsu  တို့က ၁၀ နှစ်တာ တွဲခဲ့ပြီးနောက်မှာ ကွာရှင်းခဲ့ကြတာကြောင့် သူတို့နှစ်ဦးအတွက် ပရိသတ်တွေကလည်း များစွာ စိတ်မကောင်းဖြစ်နေကြပါတယ်။ကွာရှင်းပြီး ၃ လ အကြာမှာ Barbie Hsu က DJ Koo Jun Yup နဲ့ ထပ်မံလက်ထပ်ခဲ့ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။