လူသားတွေရဲ့စမ်းသပ်မှုတွေတိုင်းမှာ တိရစ္ဆာန်တွေဟာ မပါမဖြစ်ပါပဲ။ မြင်အောင်ပြောရရင် အာကာသထဲကို အရင်ဆုံးရောက်တာ လူ‌သားတွေမဟုတ်ပါဘူး...တိရစ္ဆာန်တွေပါ။ သိပ္ပံပညာရှင်တွေရဲ့ စမ်းသပ်ခံတွေကလည်း တိရစ္ဆာန်တွေပါ။ တချို့အရာတွေကျကောင်းပေမယ့် တချို့စမ်းသပ်ချက်တွေကတော့ လက်မခံနိုင်စရာဖြစ်နေပါတယ်။ ဒါပေမယ့် ခုဖော်ပြမှာက လက်ခံသင့်မသင့်ကို ဖော်ပြသွားမှာမဟုတ်ပဲ အာကာသထဲကို အရင်ဆုံးရောက်ဖူးတဲ့ တိရစ္ဆာန်တွေလို အကြောင်းကို ဖော်ပြသွားမှာပါ။

၁၇၈၃ ခုနှစ်မှာ ပထမဆုံး မီးပုံပျံကို စတင်လွှင့်ခဲ့ပါတယ်။ ဒါပေမယ့်ခရီးသည်တွေအနေနဲ့ကတော့ သိုးတစ်ကောင်ရယ် ဘဲတစ်ကောင်ရယ် ပြီးတော့ ကြက်ဖတစ်ကောင်ရယ်ဖြစ်ပါတယ်။ ဒိတစ်ခါမှာလည်း မီးပုံပျံပေါ် အရင်တက်တာ လူသားတွေ မဟုတ်ပြန်ပါဘူး။ Montgolfier ညီအစ်ကိုများဟာ ပြင်သစ်မှာ လေပူဖောင်းကို တီထွင်ခဲ့ကြပါတယ်။ သူတို့ဟာ ခြောက်သွေ့နေတဲ့ အဝတ်တွေကို မီးပုံးပျံနဲ့ စတင်စမ်းသပ်ခဲ့ပါတယ်။

အမြင့်မှာ ပျံသန်းရင်း လူတွေကို ဘယ်လို ထိခိုက်နိုင်မလဲဆိုတာ မသိရသေးတာကြောင့် အစောပိုင်း ပျံသန်းမှုမှာ တိရစ္ဆာန်ခရီးသည်တွေကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ပျံသန်းမှုဟာ အောင်မြင်ခဲ့ပြီး တိရစ္ဆာန်တွေဟာလည်း အန္တရာယ်ကင်းစွာ ဆင်းသက်နိုင်ခဲ့ပါတယ်။ သိုးကတော့ မြေပြင်ပေါ်ရောက်ချိန်မှာ ကြက်ဖပေါ်ကို ခြေချခဲ့ပါတယ်။

သတင်းအရင်းမြစ်: Atlasobscura

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။