နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲဖြစ်တဲ့တောင်ကိုရီးယားမင်းသား Lee Ki Woo ကတော့ မကြာသေးမီ အချိန်က ပရိသတ်တွေဆီကို သတင်းကောင်းလေးတွေ ဝေမျှပေးလာခဲ့ပါတယ်။ Lee Ki Woo က အသက်၄၀ နှစ်အရွယ်ရှိပြီဖြစ်ပြီး တစ်ခါမှ လက်မထပ်ရသေးတဲ့သူဖြစ်ပါတယ်။ Lee Ki Woo ရဲ့ လူပျိုကြီးဘဝကတော့ စက်တင်ဘာလမှာ အဆုံးသတ်တော့မှာပဲဖြစ်ပါတယ်။ Lee Ki Woo က အနုပညာထဲကမဟုတ်တဲ့ ချစ်ရသူလေးနဲ့ မင်္ဂလာပွဲကို ဂျယ်ဂျူကျွန်းမှာ ကျင်းပသွားမယ်လို့ သိရပြီး မင်္ဂလာပွဲကို မိသားစုဝင်တွေ ၊ လုပ်ဖောက်ကိုင်ဖက်တွေနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေနဲ့သာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

Google
Google 
Google 

သတို့သမီးလေးက Lee Ki Woo ထက်ပိုပြီးငယ်တယ်လို့ သိရပြီး အရမ်းချောတဲ့သူလေးလို့ သိရပါတယ်။ မင်္ဂလာပွဲကို ခန်းနားကြီးကျယ်စွာ ကျင်းပတော့မယ်ဆိုတဲ့ အကြောင်းကို Lee Ki Woo က သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာလည်း အသိပေးကြေညာထားပါတယ်။ 

Instagram 
Instagram 

တောင်ကိုရီးယားမင်းသား Lee Ki Woo က ၂၀၀၃ ခုနှစ်မှာ သရုပ်ဆောင်အဖြစ် စတင်ပွဲဦးထွက်လာခဲ့တဲ့သူဖြစ်ပြီး ရုပ်ရှင်ဇာတ်လမ်းတွဲပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့သူဖြစ်ပါတယ်။ Lee Ki Woo က မင်းသမီး Lee Cheong Ah နဲ့ ၆ နှစ်ကြာတွဲပြီးတဲ့နောက်မှာ လမ်းခွဲခဲ့ပါသေးတယ်။

Google 

မကြာခင်မှာ လူပျိုကြီးဘဝကနေ ကျွတ်ပြီး ချစ်ရသူလေးနဲ့ လက်ထပ်တော့မယ့် တောင်ကိုရီးယား မင်းသား Lee Ki Woo ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။