တောင်ကိုရီးယားမင်းသမီး Kim Bin-woo ဟာဆိုရင် သူမရဲ့ ခင်ပွန်းဖြစ်သူနဲ့အတူ လွတ်လပ်ပျော်ရွှင်စရာ ဘဝလေးကို ပိုင်ဆိုင်ထားကြောင်း ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ်။

Google

 ဒီအကြောင်းအရာလေးကို Kim Bin-woo က သူမရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ “လက်ထပ်ပြီးနောက်မှာ ပထမဦဆုံး အရက်သောက်” “ယုံချင်ယုံ မယုံချင်နေ” “အရက်ကြိုက်တဲ့ ကလေး” “မနေ့ကအမှတ်တရ” “ဒီရက်ပိုင်း ကျွန်မတို့ လင်မယားနှစ်ယောက်ရဲ့ပျော်ရွှင်မှု” “၇ နှစ်ကြာလက်ထပ်ပြီးသားစုံတွဲ” စတဲ့ ခေါင်းစဉ်လေးတွေနဲ့ ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။ 

Instagram

ဓာတ်ပုံလေးတွေထဲမှာ Kim Bin-woo က သူမခင်ပွန်းဖြစ်သူ Jeon Young Jin နဲ့ ညဘက်ကြီး လမ်းမထက်မှာလက်ဆွဲပြီးလျှောက်သွားနေတာဖြစ်ပါတယ်။ Kim Bin-woo ရဲ့ ခင်ပွန်းဖြစ်သူ Jeon က Kim Bin-woo ရဲ့ ခါးကိုပွေ့မပြီး ချီပိုးထားတာဖြစ်ပါတယ်။ Kim Bin-woo က လည်း သူမခင်ပွန်းရဲ့ လည်ပင်းကို ပြန်ဖက်ထားပြီး ပျော်ရွှင်မှုတွေကို ပြသထားတာဖြစ်ပါတယ်။ 

Instagram
Instagram

Kim Bin-woo တိုဇနီးမောင်နှံရဲ့ လွတ်လပ်ပေါ့ပါးတဲ့ ချစ်စရာဖွယ်ပုံရိပ်လေးတွေက Netizen တွေရဲ့ အာရုံကိုဖမ်းစားနိုင်ခဲ့ပြီး ချစ်ဖိုကောင်းတဲ့ မှတ်ချက်လေးတွေလည်း အများကြီးရခဲ့ပါတယ်။ 

Instagram
Instagram

တောင်ကိုရီးယားမင်းသမီး Kim Bin-woo ဟာဆိုရင် Good For You ၊ Suspicious Family ၊ Pretty Mom, Pretty Woman စတဲ့ ဇာတ်လမ်းတွဲတွေ အများကြီးမှာ ပါဝင်ခဲ့ဖူးတဲ့သူူဖြစ်ပါတယ်။ Kim Bin-woo က သူ့ထက် ၂ နှစ်ငယ်တဲ့ ကောင်လေးနဲ့ ၂၀၁၅ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး သားလေးတစ်ယောက်နဲ့ သမီးလေးတစ်ယောက် ရရှိပိုင်ဆိုင်ထားပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။