တောင်ကိုရီးယားမင်းသမီး ဆောင်းဟေကိုဟာဆိုရင် ချောမောလှပပြီး ပြစ်မျိုးမှဲ့မထင်တဲ့ အလှတရားကို ပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။ 

Google 
Google 

မမဆောင်းဟေကိုက အသက် ၄၀ ကျော်နေပြီဆိုပေမယ့် အသက် ၂၀ ကျော်အရွယ်ကောင်မလေးတစ်ယောက်လိုမျိုး နိုပျိုနေဆဲ မိန်းမလှလေးဖြစ်ပါတယ်။ ဆောင်းဟေကိုရဲ့ အချစ်ရေးက လက်ရှိမှာငြိမ်နေတယ်ဆိုပေမယ့် ပရိသတ်တွေကတော့ သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး အမြဲစောင့်ကြည့်လျက်ရှိပါတယ်။မကြာသေးမီကလည်း ဆောင်းဟေကိုက သူမနဲ့ ထူးခြားတဲ့ ဆက်ဆံရေးရှိတဲ့ အမျိုးသားတစ်ယောက်နဲ့ အတူရိုက်ကူးထားတဲ့ ဗီဒီယိုတစ်ခုကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုမြင့်တက်လျက်ရှိပါတယ်။ 

Google 
Google 

အဆိုပါ သူငယ်ချင်းနဲ့ ဗီဒီယိုကို ဆောင်းဟေကိုက ပြီးခဲ့တဲ့ ၂၀ ရက်နေ့ ညက အင်စတာဂရမ် စတိုရီပေါ်မှာ “အချိန်အကြာကြီးပေါင်းလာတဲ့ သူငယ်ချင်းပါ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဝေမျှပေးလာခဲ့တာဖြစ်ပါတယ်။ 

Instagram 

ဆောင်းဟေကိုရဲ့ သူငယ်ချင်း အမျိုးသားက hair stylist တစ်ယောက်ဖြစ်တယ်လို့ သိရပြီး ဆောင်းဟေကိုနဲ့အရမ်းကို ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့သူဖြစ်ပါတယ်။ ဆောင်းဟေကိုက သူ့ရဲ့ဘေးနားမှာထိုင်ပြီး ခင်မင်ရင်းနှီးမှုကို သက်သေပြခဲ့တာဖြစ်ပါတယ်။ 

Instagram 

ဆောင်းဟေကိုရဲ့ မျက်နှာလေးက ဘာမှ လိမ်းခြယ်ထားခြင်းမရှိဘဲနဲ့တောင် လတ်ဆက်ပြီး လှပနုပျိုနေတာဖြစ်ပါတယ်။ သူမရဲ့ ပုံရိပ်လေးက ချက်ချင်းဆိုသလိုပဲ ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှု မြင့်တက်ခဲ့ပြီး netizen တွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ မမ ဆောင်းဟေကိုက မကြာသေးမီကလည်း The Glory ဇာတ်လမ်းတွဲကိုရိုက်ကူးထုတ်လွှင့် ပြီးစီးထားတာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။