ဘောလိဝုဒ် နာမည်ကြီး သရုပ်ဆောင် စုံတွဲဖြစ်တဲ့ ရန်ဘီးကပူးနဲ့ အာလီယားတို့ရဲ့ မင်္ဂလာပွဲကို ၂၀၂၂  ခုနှစ် ဧပြီလ၁၄ ရက်နေ့မှာ ခမ်းနားကြီးကျယ်စွာ ကျင်းပခဲ့တာဖြစ်ပါတယ်။

Google
Google
Google

 လက်ရှိအချိန်မှာတော့ အာလီယားတစ်ယောက်ပထမဦးဆုံး ရင်သွေးလေးကို ကိုယ်ဝန်ဆောင်ထားရပြီပဲ ဖြစ်ပါတယ်။ 

Google
Google
Google

ကိုယ်ဝန်ဆောင်ထားတဲ့ အရှိန်ကြောင့် ပိန်သွယ်ပါးလွှာတဲ့ အာလီယားလေးက အရင်ကထက်ပိုပြီး ဝဝ ဖောင်းဖောင်းလေး ဖြစ်နေပါတယ်။ အနုပညာရှင်တွေအတွက် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ဝေဖန်မှုတွေက အထိအခိုက်လွယ်ပြီးအရမ်းကို ခံစားရတဲ့ စကားလုံးတွေပါ။ 

Google

ဒါကို မကြာသေးမီက Brahmastra ရုပ်ရှင် ပရိုမိုးရှင်း တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်မှာ ခင်ပွန်းဖြစ်သူ ရန်ဘီးကပူးက ဇနီးသည် အာလီးယားကို ဘုတ်ပြဲကြီး (phalaoed ) ဖြစ်နေပြီဆိုတဲ့အဓိပ္ပါယ်နဲ့ စနောက်ခဲ့တာကြောင့် ပရိသတ်တွေကြားမှာ ဝေဖန်မှု မြင့်တက်လျက်ရှိပါတယ်။ 

ရန်ဘီးကပူး ဘုတ်ပြဲကြီးလို့ ပြောလိုက်တဲ့ ဗီဒီယိုဖိုင် 

ရန်ဘီးကပူးက ဇနီးသည် အာလီးယားကို ဘုတ်ပြဲကြီးဖြစ်နေပြီလို့ မျက်နှာတည့်တည့်ကြည့်ပြောခဲ့ပြီး ချက်ချင်းဆိုသလို စတာပါလို့ ပြန်ဖြေရှင်းခဲ့ပေမယ့် ပရိသတ်တွေကတော့ ခွင့်မလွှတ်နိုင်ခဲ့ကြပါဘူး။ ကိုယ်ဝန်ရှိနေတဲ့ ဇနီးသည်ဖြစ်သူကို မညှာမတာ body shaming လုပ်ခဲ့တဲ့ ရန်ဘီးကပူးရဲ့ မဆင်မခြင်အမှားကို ပြစ်တင်ဝေဖန်ထားကြပါတယ်။ 

Google
Google

ပရိသတ်တွေက “ရန်ဘီးကပူးက ကလေးမဟုတ်တော့ဘူး အသက် ၄၀ ကျော်နေပြီ .. ဒီစကားလုံးက စနောက်စရာမဟုတ်ဘူးဆိုတာ သူသိသင့်နေပြီလေ .. အာလီးယားလေးက ကာကွယ်ပေးဖို့ ထိုက်တန်ပါတယ်။ “ " ကိုယ်ဝန်ရှိနေလို့ပဲ ဝဝ ဒီတိုင်း နေရင်းပဲ ဝဝ အမျိုးသမီးတစ်ယောက် ကိုယ်အလေးချိန်တက်လာတာက စနောက်စရာမဟုတ်ပါဘူး” "ကြည့်ရတာ စိတ်မကောင်းလိုက်တာဟယ်” စတဲ့ မှတ်ချက်တွေ အမြောက်အမြားပေးထားကြပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။