တောင်ကိုရီးယားနာမည်ကျော်မင်းသမီး ပတ်ရှင်ဟေးဟာဆိုရင် ကလေး မီးဖွားပြီးနောက် ၃ လအချိန်မှာ ပထမဦးဆုံး အနေနဲ့ သူမရဲ့ ပုံရိပ်လေးကို ချပြလာခဲ့ပါတယ်။ 

Instagram 

ဓာတ်ပုံလေးထဲမှာ ပတ်ရှင်ဟေးက ပေါ့ပေါ့ပါးပါး တီရှပ်အင်္ကျီလေးကို ဝတ်ဆင်ထားပြီး အရမ်းကို ချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ်။ မျက်နှာလေးက အရင်တုန်းကထက်နည်းနည်းပိုပြီး ဖောင်းဖောင်းပြည့်ပြည့်လေး ဖြစ်နေတယ်ဆိုပေမယ့် အပူအပင်မရှိပျော်ဖို့ကောင်းနေတယ်ဆိုတာဓာတ်ပုံထဲမှာ အတိုင်းသားတွေ့ရပါတယ်။ 

Google 
Google 

ပတ်ရှင်ဟေးက သူမရဲ့ တစ်နေ့တာလှုပ်ရှားမှု ပုံရိပ်လေးကိုလည်း အင်စတာဂရမ် စတိုရီလေးပေါ်မှာ ဝေမျှပေးထားပါသေးတယ်။ အင်စတာဂရမ် စတိုရီပေါ်မှာ ပတ်ရှင်ဟေးက ရှူးဖိနပ်လေး စီးထားတဲ့ ပုံလေးကို ဓာတ်ပုံရိုက်ပြီး“ဖိနပ်အသစ်စီးတိုင်း ပျက်တယ်” ဆိုပြီး ဖော်ပြထားတာဖြစ်ပါတယ်။ 

Instagram 

ဓာတ်ပုံလေးအရ ပတ်ရှင်ဟေးက ကလေးမီးဖွားပြီးနောက်မှာလည်း ပေါ့ပေါ့ပါးပါး လျှောက်သွားနေတာကို တွေ့ရပါတယ်။ သူမရဲ့ ကလေးလေးကို အချိန်ပေးပြီး စောင့်ရှောက်ပေးဖို့ မလိုလောက်အောင် နှစ်ဖက်မိဘတွေရဲ့စေတနာကြီးမှုကိုပါ ထပ်တူတွေ့ရှိရပါတယ်နော်။ 

Google 
Google 

တောင်ကိုရီးယားမင်းသမီး ပတ်ရှင်ဟေး က ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ မင်းသား ချွဲတေဂျွန်း နဲ့ လက်ထပ်ခဲ့ပြီး ၄ လအကြာမှာ သားဦးလေးကို မွေးဖွားခဲ့တာဖြစ်ပါတယ်။ ပတ်ရှင်ဟေးက ကလေးမွေးဖွားခဲ့စဉ်ကစလို့ သူမရဲ့ တစ်နေ့တာလှုပ်ရှားမှု ပုံရိပ်လေးတွေကို အစဉ်အမြဲ ဝေမျှပေးလေ့ရှိပါတယ်။ 

Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။