တောင်ကိုရီးယား နာမည်ကြီး သရုပ်ဆောင်စုံတွဲနှစ်ဦးဖြစ်တဲ့ Park Si-eun နဲ့ Jin Tae-hyun တို့ရဲ့ သမီးလေးကတော့ မကြာသေးမီက ဆုံးပါးသွားခဲ့ပြီပဲဖြစ်ပါတယ်။ 

Google

သမီးလေးက လူ့လောကထဲကို ရောက်ရှိမလာစဉ်မှာပဲ ဆုံးပါးသွားခဲ့ရတာဖြစ်တာကြောင့် မင်းသား Jin Tae Hyun အနေနဲ့ ခံစားရလွန်းလို့ စျာပန အခန်းအနားလေးတောင် ကျင်းပပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။ 

Google

သမီးလေး ဆုံးပါးသွားခဲ့ရတာနဲ့ ပတ်သက်ပြီး သရုပ်ဆောင် Jin Tae Hyun က သူ့ရဲ့အင်စတာဂရမ်စာမျက်နှာပေါ်မှာ ဩဂုတ်လ ၁၉ ရက်နေ့က အခုလို ကြေညာချက်လေး လုပ်ခဲ့ပါတယ်။ 

Google

“ကျွန်တော်တို့ လင်မယားနှစ်ယောက် သမီးလေးရဲ့ အလောင်းကို ဆေးရုံမှာပဲ စျာပနပွဲသေချာစီစဉ်ပေးခဲ့ပြီးနေအိမ်ကို ပြန်ဖို့ ပြင်ဆင်နေကြပါပြီ။ ကျွန်တော်တို့ မိသားစုလေး လူမုန်းများအောင် မနေတော့ပါဘူး။ အဖေတစ်ယောက်အနေနဲ့ တန်ဖိုးရှိနဲ့ ဘဝကြီးမှာနေသွားပါမယ်။ အခုစိတ်မကောင်းစရာသတင်းလေးကို ဝေမျှရတာကို ထွက်သွားတဲ့ ကျွန်တော့် သမီးလေးနဲ့ နာကျင်ခံစားနေရတဲ့ မိန်းမအတွက် နှစ်သိမ့်မှုလေးပိုပြီးဖြစ်အောင်ပါ ခင်ဗျာ .. ကျွန်တော့် အနေနဲ့ ပိုကောင်းတဲ့ ပုံရိပ်တွေရရှိအောင် နေသွားပါ့မယ်။ ကျွန်တော်တို့ရဲ့ သမီးလေး Tae Eun လေးကအကြောင်းအရင်းမရှိဘဲ အသက်ရှူရပ်သွားခဲ့ပါတယ်။ မွေးဖွားဖို့ ရက် ၂၀ အလိုမှာပဲ ကလေးလေးက ကျွန်တော်တို့ကို ထားခဲ့ပါတယ်။ “

Google

Jin Tae Hyun ရဲ့ဇနီးဖြစ်သူ တောင်ကိုရီးယားမင်းသမီး Park Si-eun က သူမရဲ့သမီးလေးကို ကိုယ်ဝန် ၉ လအချိန် မီးဖွားခါနီး ရက် ၂၀ အလိုမှာ အသေကလေး မွေးဖွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ လူ့လောကထဲကိုရောက်မလာခင်မှာပဲ အမေ၊ အဖေလို့ ခေါ်ခွင့်မရှိဘဲ မျက်နှာလေး မပေါ်ခင်မှာပဲ ဆုံးပါးသွားခဲ့ရတာကြောင့် မိဘတွေအနေနဲ့ ဖြေမဆည်နိုင်အောင် ဝမ်းနည်း စိတ်မကောင်း ဖြစ်နေကြပါတယ်။ သမီးလေး သေဆုံးသွားရတဲ့အကြောင်းအရင်းက ဘယ်သူ့အမှားကြောင့်မှ မဟုတ်တာကြောင့် ဇနီးဖြစ်သူကိုလည်း အပြစ်မတင်ဖို့အတွက် Jin Tae Hyun က ပရိသတ်တွေကို တောင်းဆိုထားပါသေးတယ်။ 

Google
Google

တောင်ကိုရီးယားနာမည်ကြီး သရုပ်ဆောင်နှစ်ဦးဖြစ်တဲ့ မင်းသား Jin Tae Hyun နဲ့ မင်းသမီး  Park Si-eun  တို့က၂၀၁၅ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ နားလည်မှုရှိပြီး ပျော်ရွှင်စရာ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားပေမယ့် ကလေးတော့ အဖက်မတင်ကြသေးပါဘူး။ 

Google
Google

အခုတစ်ခေါက်နဲ့ဆိုရင် ရင်သွေးလေးပျက်ကျသွားခဲ့တာ ၃ကြိမ်မြောက် ရှိသွားပြီလို့ သိရပါတယ်။ မင်းသား Jin Tae Hyun နဲ့ မင်းသမီး  Park Si-eun  တို့ရဲ့ စိတ်မကောင်းစရာ သတင်းလေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ 

Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။