တောင်ကိုရီးယားမင်းသား Ju Jin-Mo ဟာဆိုရင် A Frozen Flower ၊ Empress Ki ၊ Beloved Eun-dong နဲ့ အခြားဇာတ်လမ်းတွဲတွေ အများကြီးနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတခဲနက် ရရှိခဲ့တဲ့ သူဖြစ်ပါတယ်။ Ju Jin-Mo က ပွဲဦးထွက်ကောင်းခဲ့ပြီး နာမည်ကောင်းရရှိခဲ့တဲ့သူဖြစ်ပေမယ့် ဖယ်ရှားလို့ မရတဲ့ အမှားတစ်ခုကြောင့် အနုပညာလောကထဲမှာ ပြန်ပေါ်မလာနိုင်တော့တဲ့သူဖြစ်ပါတယ်။

Google
Google

Ju Jin-Mo က ၂၀၀၄ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အထိ Bichunmoo ("Dance in the Sky") ဇာတ်လမ်းထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါသေးတယ်။ Bichunmoo ("Dance in the Sky")  ဇာတ်လမ်းဟာ မူပိုင်ခွင့် ပြဿနာတွေကြောင့် တရုတ်နိုင်ငံနဲ့ထိုင်ဝမ်နိုင်ငံမှာ အရင်ဆုံး ပြသခဲ့ပြီး တောင်ကိုရီးယားနိုင်ငံမှာ နောက်ဆုံးမှသာ ပြသခွင့်ရရှိခဲ့ပါတယ်။

Google

ပြသခွင့်ရရှိခဲ့ပေမယ့်လည်း အပိုင်းကို ၃၃ ပိုင်းကနေ ၁၄ ပိုင်းအထိ ရှုံ့ခဲ့တယ်လို့ သိရပါတယ်။

Google
Google

Joo Jin-mo က ၂၀၁၉ ခုနှစ် ၊ ဇွန်လ ၁ ရက်နေ့မှာ ဆရာဝန်မတစ်ဦးဖြစ်တဲ့ Min Hye-yeon နဲ့ ဂျယ်ဂျူကျွန်းမှာ လက်ထပ်ခဲ့ပါတယ်။ လက်ထပ်ပြီးနောက် ၂၀၂၀ ခုနှစ်မှာ Joo Jin-mo ရဲ့ နာမည်ဆိုးကြီး ထွက်ရှိလာခဲ့ပါတယ်။ နာမည်ပျက်ရတဲ့ အကြောင်းအရင်းကတော့ မင်းသား Joo Jin-mo နဲ့ သူ့သူငယ်ချင်းဖြစ်သူ Go So Young တို့ အချင်းချင်း ဖုန်းထဲကနေတစ်ဆင့် ပြောထားတဲ့ စကားတွေ ပေါက်ကြားခဲ့တာကြောင့် ပဲဖြစ်ပါတယ်။ ပြောထားတဲ့ စကားတွေထဲမှာ Joo Jin-mo နဲ့ သူငယ်ချင်းဖြစ်သူ Go So Young တို့က မိန်းကလေးတွေရဲ့ ခန္ဓာကိုယ် အချိုးအစားပုံစံနဲ့ ပတ်သတ်ပြီး ဓာတ်ပုံတွေနဲ့ ဝေဖန်မှု ပြုလုပ်နေတဲ့ အကြောင်း အရာတွေ ပါရှိနေပါတယ်။ မတ်ဆေ့ရှ်တွေ ပြန့်နှံ့ပြီး မကြာခင်မှာပဲ Joo Jin-mo က သူ့ရဲ့ အမှားအတွက် ပရိသတ်တွေကို တောင်းပန်ခဲ့ပါတယ်။

Google
Google

အမှားကို ဝန်ခံပြီး တောင်းပန်ခဲ့တယ်ဆိုပေမယ့် မင်းသားကြီး Joo Jin-mo ရဲ့ နာမည်ကို ပြန်မဆယ်နိုင်တော့ပါဘူး။ Joo Jin-mo ကိုယ်တိုင်လည်း အနုပညာလမ်းကြောင်းထက်ဆီကို ပြန်မလာတော့တာ ရာစုနှစ်ပေါင်း များစွာကြာခဲ့ပြီပဲ ဖြစ်ပါတယ်။ Joo Jin-mo ကို ရုပ်ရှင်ဇာတ်လမ်းတွဲတွေထဲမှာ တွေ့ခဲ့ရတဲ့နောက်ဆုံးအချိန်က ၂၀၁၉ ခုနှစ်မှာဖြစ်ပါတယ်။ Joo Jin-mo ရဲ့ လက်ရှိအသက်ကတော့ ၄၇ နှစ်ရှိနေပြီပဲဖြစ်ပါတယ်။ အမှားတစ်ခုကြောင့် အနုပညာလမ်းကြောင်းထက်ဆီကို ဘယ်တော့မှပြန်ပြီး မပေါ်လာတော့တဲ့ တစ်ချိန်က လျှမ်းလျှမ်းတောက် မင်းသားကြီး Joo Jin-mo အကြောင်းကို စိတ်မကောင်းဖွယ် ဖော်ပြပေးလိုက်ပါတယ်။

Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။