တောင်ကိုရီးယားမင်းသား Jang Dong Gun ဟာဆိုရင် လိင်အကြမ်းဖက်မှု ပြဿနာ ဖြစ်ပြီးတဲ့နောက်မှာ ပထမဦးဆုံးအကြိမ် မိန်းမဖြစ်သူနဲ့အတူ ပွဲ အခန်းအနားကို တက်ရောက်လာခဲ့ပါတယ်။ Jang Dong Gun ရဲ့ လက်ရှိအသက်က ၃၅ နှစ် အရွယ်ရှိနေပြီဖြစ်ပြီး တစ်ချိန်က ဒါရိုက်တာရင်လို့ နာမည်ကြီးတဲ့ မင်းသားဖြစ်ပါတယ်။

Google

Jang Dong Gun နဲ့ သူ့ရဲ့ဇနီးဖြစ်သူ Go So Young တို့က လူတိုင်းအားကျရတဲ့ တောင်ကိုရီးယား နာမည်ကြီး စုံတွဲဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၂၀ ခုနှစ်မှာ ဒါရိုက်တာရင်လို့ လူသိများတဲ့ မင်းသား Jang Dong Gun ရဲ့ဖုန်းထဲကနေ မိန်းကလေးငယ်လေးတွေကို လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်ထားတဲ့ မတ်ဆေ့စ်တွေပေါက်ကြားခဲ့ပါတယ်။ အဆိုပါ မတ်ဆေ့တွေကြောင့် Go So Young ကိုယ်တိုင်က သူမခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ရှိလာခဲ့ ဖူးပါသေးတယ်။

Google
Google

အဆိုပါကိစ္စကြောင့်ပဲ တောင်ကိုရီးယားမင်းသား Jang Dong Gun ရဲ့ တောက်ပြောင်လှတဲ့ ပုံရိပ်ဟာ အရောင်မှိန်သွားခဲ့ပါတယ်။ နာမည်ပျက်တွေ ထွက်ခဲ့ပြီးနောက် ၂ နှစ်အကြာမှာတော့ မင်းသား Jang Dong Gun က သူ့ရဲ့ အမှားတွေကို ပြန်လည် ပြင်ဆင်နိုင်ခဲ့ပါတယ်။ ဇနီးသည်နဲ့လည်း ပြန်လည် ပြေလည်မှု ရရှိခဲ့တဲ့ Jang Dong Gun ဟာ ယမန်နေ့ သြဂုတ်လ ၁၇ ရက်နေ့မှာ ဇနီးဖြစ်သူနဲ့ ပွဲတက်နေတဲ့ ပုံရိပ်လေးတွေကို ဝေမျှပေးလာခဲ့ပါတယ်။

Google

ဓာတ်ပုံလေးတွေထဲမှာ Jang Dong Gun နဲ့ ဇနီးဖြစ်သူ Go So Young တို့က ရတနာအမှတ်တံဆိပ်တစ်ခုအတွက် ပွဲတက်ခဲ့ကြတာဖြစ်ပါတယ်။ ဇနီးမောင်နှံနှစ်ယောက်က အများကြီး ပြင်ဆင်ထားကြတာမျိုး မရှိဘဲ ပေါ့ပေါ့ပါးပါး ဖက်ရှင်လေးနဲ့ ပွဲတက်ခဲ့ကြတာဖြစ်ပါတယ်။

Google

So Young က ဘောင်းဘီတို့လေးနဲ့ ဂါဝန်လေးကိုမှ အပေါ်က ကုတ်လေးထပ်ပြီးဝတ်ထားပါတယ်။ Jang Dong Gun ကလည်း အပြာရောင် အနောက်တိုင်း ဝတ်စုံကို လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးလေး ဝတ်ဆင်ထားပါတယ်။ အဆိုပါ အခမ်းအနားကို တောင်ကိုရီးယားမင်းသား လီမင်ဟိုလည်း တက်ရောက်ခဲ့ပါတယ်။

v
Google

လိင်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်ခဲ့ပြီးနောက် ၂ နှစ်အကြာမှာ ပထမဦးဆုံး ပွဲအခန်းအနား အတူတူ တက်ရောက်လာကြတဲ့ ဒါရိုက်တာရင်တို့ စုံတွဲရဲ့ ဓာတ်ပုံလေးတွေဟာ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ရေပန်းစားလျှက်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။