တောင်ကိုရီးယား မင်းသမီး ဆောင်းဂျီဟိုဟာဆိုရင် မြန်မာနိုင်ငံက ပရိသတ်တွေရဲ့ အားပေးမှု တခဲနက်ရရှိထားတဲ့ သူဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အခြေအနေ အရပ်ရပ်များကြောင့် ကျောင်းသူကျောင်းသားတွေအနေနဲ့ အခက်အခဲများစွာ ကြုံတွေ့နေရတာကြောင့် ဆောင်းဂျီဟိုက အခုလိုမျိုး ကူညီပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

Google 
Google
Google

ဆောင်းဂျီဟိုရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် Choeaedol မှာ vote ပေါင်း ၅၅၅၅၅၅၅၅ ရရှိအောင် ကြိုးစားရမှာဖြစ်ပါတယ်။ အဲဒီထဲမှာ ဆောင်းဂျီဟိုရဲ့ ပရိသတ်တွေရဲ့ ကြိုးစားအားထုတ်မှုကြောင့် vote ပေါင်း၇၅၉၇၇၈၁၄အထိ ရရှိခဲ့တယ်လို့ သိရပါတယ်။ သတ်မှတ်ထားတဲ့ မဲအရေအတွက်ထက်ပိုပြီး ရရှိခဲ့တာကြောင့် ဆောင်းဂျီဟိုရဲ့ads ကို တောင်ကိုရီးယားမှာလည်း board ထောင်သွားမယ်လို့ သိရပါတယ်။ ဆောင်းဂျီဟိုက သူမရဲ့ ပရိသတ်တွေကို ကျေးဇူးတုံ့ပြန်သောအားဖြင့် လှူဒါန်းမှုလေးတွေ ပြုလုပ်သွားမှာလို့ သိရပါတယ်။ 

Google

ဆောင်းဂျီဟိုလှူဒါန်းမယ့် လှူဒါန်းမှုထဲမှာ မြန်မာနိုင်ငံအတွက်လည်း အလှူငွေ တစ်စိတ်တစ်ပိုင်းပါဝင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဆောင်းဂျီဟိုက မြန်မာနိုင်ငံအတွက် ဝမ် ၁ သန်းတိတိ လှူဒါန်းသွားမှာလို့ သိရပြီးကျောင်းသူကျောင်းသားတွေအတွက် အခြေခံ အဆောက်အဦး တည်ဆောက်တဲ့ နေရာမှာ အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဆောင်းဂျီဟိုကိုယ်စား Choeaedol celeb က နေ လှူဒါန်းပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

Google

စေတနာ အပြည့်နဲ့ လှူဒါန်းမှုလေးကြောင့် မမ ဆောင်းဂျီဟိုတစ်ယောက် Fairy Angel နတ်သမီးလေးဆိုတဲ့ ဂုဏ်ပုဒ်လေးကို ဆက်လက်ပြီး ထိန်းသိမ်းထားနိုင်ပြီပဲ ဖြစ်ပါတယ်။ ဆောင်းဂျီဟိုရဲ့ ပရိသတ်လေးတွေဖြစ်တဲ့ Mongjis လေးတွေရဲ့ ပါဝါကတော့ တကယ်ကို အံ့မခန်းဖွယ်ရာပါပဲနော်။ မြန်မာနိုင်ငံကို ချစ်ပြီး မြန်မာနိုင်ငံအတွက်ဆို အမြဲအမှတ်ရနေပေးတဲ့ တောင်ကိုရီးယား မင်းသမီး ဆောင်းဂျီဟိုရဲ့ အကြောင်းလေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။