တောင်ကိုရီးယား နာမည်ကြီး တစ်ဦးဖြစ်တဲ့ Winner အဖွဲ့ဝင် Kang Seung-yoon ဟာဆိုရင် ကောင်မလေးတစ်ယောက်နဲ့ တွဲနေကြပြီဆိုတဲ့ သတင်းတွေ မကြာသေးမီက ထွက်ရှိလာခဲ့ပါတယ်။ သတင်းထွက်ရှိလာခဲ့တဲ့ အကြောင်းအရင်းကတော့ ဓာတ်ပုံတွေကြောင့် ဖြစ်ပါတယ်။ ထွက်ရှိလာတဲ့ ဓာတ်ပုံတွေထဲမှာ Kang Seung-yoon က ကောင်မလေးတစ်ယောက်ကို လက်ကိုင်ပြီး လမ်းမထက်မှာ လျှောက်သွားနေတာဖြစ်ပါတယ်။ ဒီဓာတ်ပုံတွေကို တွေ့ရှိခဲ့တဲ့ Netizen တစ်ယောက်က ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝေမျှပေးခဲ့တာဖြစ်ပါတယ်။

Google
Google

ဓာတ်ပုံထဲမှာ Kang Seung-yoon က အပြာရောင်ဂျက်ကတ်အင်္ကျီလေးနဲ့ ဦးထုပ်လေးဆောင်းထားပါတယ်။ သူ့ဘေးနားက ကောင်မလေးကလည်း အပြာရောင် ဝတ်စုံလေးကို ဝတ်ထားပါတယ်။ သိရှိသူတွေရဲ့ အဆိုအရ Kang Seung-yoon  ဘေးက လက်ကိုင်ထားတဲ့ ကောင်မလေးက တက်သစ်စမင်းသမီးလေး တစ်ယောက်ဖြစ်တယ်လို့သိရပါတယ်။  ချစ်ဖို့ကောင်းတဲ့ စုံတွဲလေးက ပရိသတ်တွေအားလုံးကို အံ့အားသင့်သွားစေပြီး အချိန်တစ်ခဏသာအတွင်းမှာ ကြည်နူးပျော်ရွှင်သွားစေခဲ့ပါတယ်။

Google
Google

လက်ရှိအချိန်အထိ YG အင်တာတိန်းမန့်ဘက်ကနေ သူတို့နှစ်ဦး တွဲနေကြတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သတ်ပြီး အကြောင်းတစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

Google
Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။