သြဂုတ်လ ၁၇ ရက်နေ့မှာ တောင်ကိုရီးယား မင်းသမီး Gong Hyo-jin က သူမရဲ့မင်္ဂလာပွဲ သတင်းကို ပရိသတ်တွေဆီကို အသိပေးကြေညာခဲ့ပါတယ်။ Gong Hyo-jin နဲ့ အဆိုတော် Kevin Oh တို့ မင်္ဂလာဆောင်တော့မယ့်သတင်းဟာ ကမ္ဘာတစ်ဝှမ်းမှာ လူစိတ်ဝင်စားမှု မြင့်တက်လျက်ရှိပါတယ်။ Gong Hyo-jin နဲ့ လက်ထပ်မယ့်သူ အဆိုတော် Kevin Oh က သူမထက် ၁၀ နှစ်ပိုငယ်တဲ့ သူဖြစ်ပြီး အမေရိကန်နိုင်ငံသားတစ်ယောက်ဖြစ်ပါတယ်။

Google
Google

Gong Hyo-jin က သူမရဲ့ မင်္ဂလာပွဲကို အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပဖို့ စဉ်းစားခဲ့တာနဲ့ ပတ်သက်ပီးတော့လည်း တောင်ကိုရီးယား Youtuber Lee Jin-ho က အခုလိုမျိုး ဖြေရှင်းပေးထားပါတယ်။

Youtube

Gong Hyo-jin က သူမအနေနဲ့ Kevin Oh ရဲ့ နောက်ခံ အခြေအနေကိုလည်း စဉ်းစားပေးဖို့ လိုအပ်ကြောင်း ၊ သူက လက်ရှိမှာ နယူးယောက်မြို့မှာနေထိုင်နေတာဖြစ်ကြောင်း ၊ Kevin Oh က မိသားစုကို အရမ်းချစ်တဲ့သူဖြစ်ကြောင်း ဘယ်လောက်တောင်ချစ်လဲဆိုရင် အဖိုးဖြစ်သူရဲ့ ဘုရားကျောင်းသံအမတ် ရာထူးကိုပါ လက်ဆင့်ကမ်းဖို့ ရှိနေကြောင်း ၊ ဒါကြောင့် ချစ်သူကောင်လေးရဲ့ အခြေအနေကို တွေးပေးပြီး အခုလို စီစဉ်ခဲ့ရတာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

Google

မင်္ဂလာပွဲကို တိုင်းတစ်ပါးမှာ ကျင်းပပြုလုပ်ရမှာ ဖြစ်တာကြောင့် တောင်ကိုရီးယားက မိသားစုဝင်တွေနဲ့ အခင်ဆုံး သူငယ်ချင်း အသိမိတ်ဆွေတွေကလွဲရင် အခြားသူတွေက တော့ ပွဲအခန်းအနားကို တက်ရောက်နိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

Google
Google

အသက် ၁၀ နှစ်ငယ်တဲ့ အမေရိကန်နိုင်ငံသားလေးကို လက်ထပ်ရတော့မယ့် မမ Gong Hyo-jin ရဲ့ မင်္ဂလာပွဲ အကြောင်းလေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။