တောင်ကိုရီးယားမင်းသမီး Shim Eun-kyung ဟာဆိုရင် ၂၀၀၃ ခုနှစ်က Dae Jang Geum ဆိုတဲ့ ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ အားပေးခြင်းကို တခဲနက်ရရှိခဲ့တဲ့ သူဖြစ်ပါတယ်။ Dae Jang Geum ဟာ ပွဲဦးထွက်မှာကတည်းက နာမည်ကြီးပြီးအောင်မြင်ခဲ့တဲ့သူဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးချီးမြှင့်မှုကိုလည်း တခဲနက် ရရှိထားတဲ့သူဖြစ်ပါတယ်။ Dae Jang Geum က Sunny နဲ့ Masquerade ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်မှုတွေ ရရှိခဲ့တဲ့သူဖြစ်ပြီး ငယ်ရွယ်စဉ်ကတည်းက ပရိသတ်တွေရဲ့ အားပေးမှု ရရှိခဲ့တဲ့ သူဖြစ်ပါတယ်။

Google
Google

Shim Eun-kyung က အသက် ၂၀ အရွယ်တုန်းက ပြိုင်စံရှားမင်းသမီး တစ်ယောက်ဖြစ်ခဲ့ပေမယ့် ကံဆိုးစွာနဲ့ပဲ သူမရဲ့ နောက်ပိုင်းဇာတ်လမ်းတွဲတွေက ထင်ထားသလောက် အောင်မြင်မှု မရရှိခဲ့ပါဘူး။

Google

Shim Eun-kyung က နာမည်ကြီးပြီး အောင်မြင်တဲ့သူတစ်ယောက်ဆိုပေမယ့် ကိုရီးယားမှာ ထင်ထားသလောက် နာမည် မကြီးတဲ့ နောက်တစ်ချက်လည်း ရှိနေပါတယ်။ အဲဒါကတော့ ၂၀၁၈ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ The Princess and the Matchmaker ဇာတ်လမ်းတွဲနဲ့ ဂျပန်နိုင်ငံမှာ စတင်ပြီးအောင်မြင်မှု ရရှိလာတာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာလည်း The Journalist ဇာတ်လမ်းတွဲနဲ့ ဂျပန်နိုင်ငံမှာ အကောင်းဆုံး အမျိုးသမီး ဇာတ်ကောင်ဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ Shim Eun-kyung က ဂျပန်နိုင်ငံမှာ ပညာသင်ခဲ့တဲ့ သူ မဟုတ်ပေမယ့် သူမရဲ့ အောင်မြင်မှုတွေက တောင်ကိုရီးယားမှာထက် ဂျပန်နိုင်ငံမှာ ပိုပြီးမြင့်ပါတယ်။

Google

ဂျပန်နိုင်ငံမှာ အောင်မြင်မှုတွေ ပိုပြီးရရှိလာခဲ့တဲ့ Shim Eun-kyung ဟာ ဂျပန်ဇာတ်လမ်းတွေကို ပိုအားထည့်ပြီး ရိုက်ကူးလာတာကြောင့် တောင်ကိုရီးယားမှာ သူမရဲ့ နာမည်က တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ရတယ်လို့ သိရပါတယ်။ ဒါကြောင့် နောက်ပိုင်း အနုပညာ လှုပ်ရှားမှုတွေထဲမှာ Shim Eun-kyung ကို ထပ်ပြီး မတွေ့ရတော့ပါဘူး။

Google

Shim Eun-kyung က လက်ရှိမှာ အသက် ၂၈ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး တွဲနေတဲ့သူမရှိသေးသလို လက်ထပ်ထားခြင်းလည်း မရှိသေးပါဘူး။ ကလေးဘဝကတည်းက တဟုန်ထိုးအောင်မြင်ခဲ့တဲ့ တောင်ကိုရီးယားမင်းသမီး Shim Eun-kyung တစ်ယောက် အောင်မြင်မှု ကျဆင်းသွားတဲ့အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။