တောင်ကိုရီးယားမင်းသမီး Park Han Byul ဟာဆိုရင် ခင်ပွန်းဖြစ်သူနဲ့ Burning Sun အမှု ဖြစ်ပွားပြီးတဲ့နောက်မှာ အနုပညာလှုပ်ရှားမှုတွေ အားလုံးကနေ အနားယူခဲ့တဲ့သူဖြစ်ပါတယ်။ ဒီကနေ့ သြဂုတ်လ ၁၇ ရက်နေ့မှာ ကြေညာခဲ့တဲ့ သတင်းအရ မင်းသမီး Park Han Byul က သူမရဲ့ ဒုတိယ ရင်သွေးလေးကို ကျန်းကျန်းမာမာနဲ့ မွေးဖွားခဲ့ပြီး ရင်သွေးလေးက သားယောကျာ်းလေး ဖြစ်တယ်လို့ သိရပါတယ်။ Park Han Byul က Yuri Holdings ရဲ့ စီအီးအို Yoo In Seok နဲ့ ၂၀၁၇ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ပထမဦးသားလေးကို ပြီးခဲ့တဲ့ နှစ်မှာ မွေးခဲ့တာဖြစ်ပါတယ်။

Google
Google
Google

Park Han Byul ရဲ့ ခင်ပွန်းဖြစ်သူက Burning Sun အမှုမှာ ပါဝင်ခဲ့ပြီး နောက်မှာ သူမလည်း အနုပညာလှုပ်ရှားမှုတွေ အားလုံးကနေ အနားယူခဲ့ရပါတယ်။ တောင်ကိုရီးယားမင်းသမီး Park Han Byul က ၂၀၁၉ခုနှစ်မှာ MBC ရဲ့ ဒရမ်မာဖြစ်တဲ့ Love in Sadness ဇာတ်လမ်းတွဲမှာ ပါဝင်ပြီးနောက်မှာ ကံဆိုးမှုကြီးနဲ့ စတင်ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာ Park Han Byul က ဂျယ်ဂျူကျွန်းမှာ ကော်ဖီဆိုင်တစ်ဆိုင် ဖွင့်ထားပါတယ်။

Google

Park Han Byul ရဲ့ ခင်ပွန်းဖြစ်သူ Yoo In Seok က Burning Sun အမှုရဲ့ စွပ်စွဲချက်တွေ အားလုံးကို ဝန်ခံခဲ့ပြီး အပြစ်တွေအားလုံးကို ဝန်ခံခဲ့ပါတယ်။ Park Han Byul ကိုယ်တိုင်လည်း ခင်ပွန်းသူကိုယ်စား တောင်းပန်ခဲ့ပြီး အနုပညာလှုပ်ရှားမှုတွေ အားလုံးကနေပါ အနားယူခဲ့ပါတယ်။

Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။