မင်းသမီး Gong Hyo Jin နဲ့ အဆိုတော် Kevin Oh တို့ရဲ့ မင်္ဂလာပွဲကို လာမည့် အောက်တိုဘာလ မှာ ကျင်းပသွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။ တောင်ကိုရီးယား မင်းသမီး Gong Hyo Jin နဲ့ သူမထက် ၁၀ နှစ်ပိုငယ်တဲ့ အဆိုတော်လေး Kevin Oh တို့က အခုနှစ် ဧပြီလမှာ သူတို့ရဲ့ အချစ်ရေးနဲ့ ပတ်သတ်ပြီး အသိပေးကြေညာခဲ့တာဖြစ်ပါတယ်။ မင်းသမီး Gong Hyo Jin က Son Ye Jin နဲ့ Hyun Bin တို့ရဲ့ မင်္ဂလာပွဲကိုတက်ရောက်ခဲ့ကြတဲ့ သူလည်းဖြစ်ပြီး မင်္ဂလာ လက်ဆောင်ပန်းစည်းကိုပါရရှိခဲ့တဲ့ သူဖြစ်ပါတယ်။

Google

Gong Hyo Jin ရဲ့ အေဂျင်စီဖြစ်တဲ့ Management SOOP ကလည်း မင်္ဂလာသတင်းနဲ့ ပတ်သက်ပြီး အခုလိုလေး အသိပေးထားပါတယ်။

Google

“မင်္ဂလာပါ ။ Management SOOP ကဖြစ်ပါတယ်။

မင်းသမီး Gong Hyo Jin နဲ့ ပတ်သတ်ပြီး သတင်းလေးတွေကို ဝေမျှပေးချင်လို့ ဖြစ်ပါတယ်။ Gong Hyo Jin နဲ့ Kevin Oh တို့က မကြာခင်မှာ ဘဝတစ်ခုကို စတင်ကြတော့မှာ ဖြစ်ပါတယ်။

စုံတွဲနှစ်ဦးရဲ့ တောင်းဆိုမှုကြောင့် မင်္ဂလာပွဲကို အောက်တိုဘာလထဲမှာ သီးသီးသန့်သန့် ကျင်းပသွားမှာဖြစ်ပါတယ်။ မင်္ဂလာပွဲကို ရင်းနှီးတဲ့မိတ်ဆွေတွေ ၊ မိသားစုဝင်တွေနဲ့ပဲ ကျင်းပသွားမှာ ဖြစ်ပြီး တိကျတဲ့ အချက်အလတ်တွေ မထုတ်ပြောနိုင်တဲ့အတွက်လည်း နားလည်ပေးဖို့ အေဂျင်စီဘက်ကနေ တောင်းဆိုပါတယ်။

ဘဝအသစ်ကို စတင်ကြတော့မယ့် စုံတွဲနှစ်ဦး အဖိုးတန်တဲ့ ခြေလှမ်းတွေ စတင်ဖို့အတွက် ဂုဏ်ပြုချီးမြှင့်စကားလေးတွေ ပြောပေးခဲ့ကြပါဦးနော်။

ကျေးဇူးတင်ပါတယ်။”

Google

နီးစပ်သူများရဲ့ အဆိုအရ Gong Hyo Jin နဲ့ Kevin Oh ရဲ့ မင်္ဂလာပွဲကို အခုနှစ်အောက်တိုဘာလမှာ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ သီးသီးသန့်သန့်ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။  

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။