တောင်ကိုရီးယား မင်းသမီး ပတ်ရှင်ဟေးဟာဆိုရင် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ တောင်ကိုရီးယားမင်းသား ချွဲတေဂျွန်းနဲ့လက်ထပ်ခဲ့ပြီး လက်ရှိမှာ ရင်သွေးလေးတစ်ယောက် ဖွားမြင်ထားတာဖြစ်ပါတယ်။

ရင်သွေးမွေးဖွားပြီးနောက်မှာလည်း ပတ်ရှင်ဟေးက ကျန်းကျန်းမာမာနဲ့ အဆင်ပြေပြေရှိနေပြီး ဘဝကြီးကိုပျော်ရွှင်စွာနဲ့ ဖြတ်သန်းနေတာဖြစ်ပါတယ်။

Google

ယမန်နေ့ သြဂုတ်လ ၁၆ ရက်နေ့မှာ ပတ်ရှင်ဟေးက သူမရဲ့ အင်စတာဂရမ် စာမျက်နှာပေါ်မှာ “ထပ်ပြီးစတင်နေပါပြီ.. တိုက်ပွဲဝင်နေဆဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဓာတ်ပုံလေးတစ်ပုံတင်ပေးလာခဲ့ပါတယ်။ ပတ်ရှင်ဟေးက ရင်သွေးလေး မွေးပြီးတဲ့နောက်မှာ ခန္ဓာကိုယ် အချိုးအစားလေး ပိုမိုလှပလာစေဖို့အတွက် လေ့ကျင့်ခန်း ပြန်လည် လုပ်ဆောင်နေတာဖြစ်ပါတယ်။

Google

တင်ထားတဲ့ ဓာတ်ပုံထဲမှာ ပတ်ရှင်ဟေးက ခေတ်ပေါ်အကနဲ့ ယောဂကိုပေါင်းစပ်ထားတဲ့ Tanz Play မှာ လေ့ကျင့်ခန်း လုပ်ဆောင်နေတာဖြစ်ပါတယ်။

Google

ရင်သွေးလေး မွေးပြီး ၃ လအကြာမှာ ပတ်ရှင်ဟေးက ကျန်းမာတဲ့ ဘဝကို ရရှိပိုင်ဆိုင်ထားပြီး ဝမ်းသာပျော်ရွှင်နေခဲ့တာဖြစ်ပါတယ်။

Instagram 

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ပတ်ရှင်ဟေးက ၄ နှစ်ကြာ တွဲခဲ့တဲ့ မင်းသား ချွဲတေဂျွန်းနဲ့ လက်ထပ်ခဲ့ပြီး မေလ ၃၁ ရက်နေ့မှာ ပထမဦးဆုံး သားလေးတစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။