တောင်ကိုရီးယားမင်းသား Lee Dong Wook ဟာဆိုရင် အိုင်ဒေါလ် တစ်ယောက်လိုမျိုး ချောမောလှပတဲ့ မျက်နှာပုံစံကြောင့် ပရိသတ်တွေရဲ့ သဲသဲလှုပ်အားပေးခြင်းကို ခံထားရတဲ့သူဖြစ်ပါတယ်။ Lee Dong Wook က လက်ရှိမှာအသက် ၄၂ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ငယ်ရွယ်နုပျိုတဲ့ ပုံရိပ်ကို ထိန်းထားနိုင်ဆဲ မင်းသားဖြစ်ပါတယ်။ 

Google
Google

Lee Dong Wook က အသက်အားဖြင့် နည်းနည်း ကြီးနေပြီဆိုပေမယ့် သူ့ရဲ့ ပရိသတ်တွေက ကလေးတွေ ပိုများပါတယ်။ မကြာသေးမီက Universe Private Message မှာ Lee Dong Wook နဲ့ သူ့ရဲ့ ပရိသတ်တွေ ပြောထားတဲ့စကားတွေ ပေါက်ကြားခဲ့ပါတယ်။ Universe Private Message application က အနုပညာရှင်တွေနဲ့ ပရိသတ်တွေကြားကို ချိတ်ဆက်ပေးတဲ့ application ဖြစ်ပြီး တောင်ကိုရီးယားမှာ လူသုံးအရမ်းများတဲ့ application ဖြစ်ပါတယ်။ 

Google
Google
Google
Google
Google
Google

Lee Dong Wook က ပေါင်းသင်းဆက်ဆံရေးအရမ်းကောင်းပြီး ခင်မင်ဖို့ကောင်းတဲ့ သရုပ်ဆောင်တစ်ယောက်ဆိုတာတော့ ငြင်းလို့ မရတဲ့ အမှန်တရားပဲ ဖြစ်ပါတယ်။ 

ပေါက်ကြားလာတဲ့ စကားအပြန်အလှန်ပြောနေကြတဲ့ Conversation ထဲမှာ ပရိသတ်တွေက Lee Dong Wook ကိုဦးလေး (အားဂျူးရှီး) လို့ နာမည်တပ်ခေါ်ထားကြပါတယ်။ 

Google

Lee Dong Wook က သူ့ရဲ့ ပရိသတ်တွေကို အဆက်မပျက် စကားလေးတွေ ပြောခဲ့ပြီး ပရိသတ်တွေရဲ့ စိတ်ကို မငြိုငြင်သွားစေခဲ့ပါဘူး။ ပရိသတ်တွေကလည်း Lee Dong Wook ကို ချစ်စနိုးနဲ့ အိုပါး ( အစ်ကို)ဆိုတဲ့အသုံးအနှုန်းထက် အားဂျူးရှီး ဦးလေးကြီးလို့ ခေါ်ခဲ့ကြတာ ဖြစ်ပါတယ်။ Lee Dong Wook ရဲ့ ချစ်စရာကောင်းတဲ့ ပရိသတ်တွေနဲ့ ဆက်ဆံရေးကို အားလုံးအတွက် ဝေမျှပေးလိုက်ပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။