တောင်ကိုရီးယားမင်းသမီး ဆောင်းဟေကိုဟာဆိုရင် အသက် ၄၀ ကျော်နေပြီဖြစ်ပေမယ့် နုပျိုနေတဲ့ မျက်နှာလေးကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ရရှိထားတဲ့ သူဖြစ်ပါတယ်။

Google
Google
Google

ဆောင်းဟေကိုက မကြာသေးမီကမှ The Glory ဇာတ်လမ်းတွဲကို ရိုက်ကူးပြီးစီးထားတာဖြစ်ပါတယ်။ The Glory ဇာတ်လမ်းတွဲအပြီးမှာ နှုတ်ဆက်ပါတီအခန်းအနားလေးကို ကျင်းပပြုလုပ်ခဲ့ပြီး ပါတီမှာတွေ့ရတဲ့ ဆောင်းဟေကိုရဲ့ မျက်နှာက အရမ်းကိုချောမောနေတာကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုဟာလည်း မြင့်တက်လျက်ရှိပါတယ်။

Instagram

ဓာတ်ပုံထဲမှာ ဆောင်းဟေကိုကို The Glory ဇာတ်လမ်းထဲက မင်းသမီး လင်ဂျီယွန်း နဲ့ အတူတွဲတွေ့ရပြီး နှစ်ဦးစလုံးရဲ့ အလှက ပရိသတ်တွေကို အချစ်ပိုသွားစေခဲ့ပါတယ်။

Google

ပါတီပွဲမှာ တွေ့ရတဲ့ ဆောင်းဟေကိုရဲ့ မျက်နှာလေးက ရိုးရှင်းပြီး အရမ်းကိုချစ်ဖို့ကောင်းနေပါတယ်။ ဆောင်းဟေကိုက သူမရဲ့ မျက်နှာလေးကို ဦးထုပ်လေးနဲ့ ကာထားပေမယ့် ကျက်သရေရှိတဲ့ အလှတရားတွေကတော့ ထင်ရှားစွာ ပေါ်လွင်နေတုန်းပဲ ဖြစ်ပါတယ်။

Instagram

တောင်ကိုရီးယား မင်းသမီး ဆောင်းဟေကိုနဲ့ မင်းသမီး လင်ဂျီယွန်းတို့က Netflix ရဲ့ Original စီးရီးဖြစ်တဲ့ “The Glory” မှာ အတူတွဲ သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။