David Beckham ရဲ့ အကြီးဆုံးသားဖြစ်တဲ့ Brooklyn Beckham ဟာဆိုရင် မကြာသေးမီက ဇနီးဖြစ်သူနဲ့ ပတ်သတ်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်လေးတွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ Brooklyn Beckham က အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်ပြီး ကမ္ဘာကျော်ဘောလုံးသမား David Beckham နဲ့ Victoria တို့ရဲ့ အဖိုးတန်သားလေးဖြစ်ပါတယ်။ 

Google
Google

Victoria က မကြာသေးမီက ချွေးမဖြစ်သူနဲ့ ပေါင်းသင်း ဆက်ဆံရေး အဆင်မပြေဘူးဆိုတဲ့ သတင်းတွေ ထွက်ရှိထားပြီး ချွေးမဖြစ်သူကလည်း Victoria ကို အမြင်မကြည်ဘူးဆိုတဲ့ သတင်းတွေ ထွက်ရှိထားတာဖြစ်ပါတယ်။ ဒါပေမယ့် သားဖြစ်သူ Brooklyn ကတော့ သူ့ရဲ့ ဇနီးဖြစ်သူကို တုန်နေအောင် ချစ်ပါတယ်။ Brooklyn က တုန်နေအောင်ချစ်ပြီး အရသာရှိတဲ့ အစားအသောက်တွေအထိ သေသေချာချာ ချက်ပြုတ်ပေးခဲ့တဲ့အကြောင်းကို အခုလို ပြောလာခဲ့ပါတယ်။

Google

“ကျွန်တော်က ဟင်းချက်ရတာ အရမ်းဝါသနာပါတယ်။ သူက ပန်းရောင်ဆော့စ် လေးနဲ့ နတ်သမီးဆံပင် ခေါက်ဆွဲလေးကို အရမ်းကြိုက်တာ။ သူ့အတွက် ချက်ပေးတဲ့ စပါဂတ်တီလေးကိုလည်း သူအရမ်းကြိုက်တာ။ ဆော့စ်လေး လုပ်တာနဲ့တင်ကို အချိန်က ၈ နာရီတောင်ကြပါတယ်။” လို့ ပြောလာခဲ့ပါတယ်။

Google

Brooklyn ရဲ့ ရိုမန့်တစ်ဆန်မှုကြီးကို Nicola Peltz ကိုယ်တိုင်က အရမ်းသဘောကျပြီး ကြိုက်နှစ်သတ်တဲ့ အကြောင်းကိုလည်း “ ရှင်က ကျွန်မတွေ့ဖူးသမျှထဲမှာ အချိုမြိန်ဆုံးကောင်လေးပါ” လို့ ရေးသားခဲ့ပါတယ်။ မကြာသေးမီက ချွေးမနဲ့ယောက္ခမ အဆင်မပြေဘူးဆိုတဲ့ သတင်းတွေ ထွက်ရှိထားတာကြောင့် ပရိသတ်တွေက Brooklyn တစ်ယောက် အမေနဲ့ မိန်းမဖြစ်သူနှစ်ယောက်ကြားမှာ မိန်းမကိုရွေးချယ်လိုက်ပြီလားဆိုတဲ့ မေးခွန်းတွေ မေးထားကြပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။