တောင်ကိုရီးယား မင်းသမီး Park Shin Hye နဲ့ သူမရဲ့သားလေးဖြစ်တဲ့ Choi Tae Joon တို့ မကြာသေးမီက သားဦးလေး တစ်ယောက် ဖွားမြင်ခဲ့တာ အားလုံးပဲသိကြမှာပါနော်။ Park Shin Hye က နာမည်ကြီးပြီးအောင်မြင်မှုတွေ ရရှိနေတဲ့ မင်းသမီး ဖြစ်သလို Choi Tae Joon ဟာဆိုရင်လည်း ဇာတ်လမ်းတွဲတိုင်းမှာ အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ထားတဲ့ မင်းသားတစ်လတ်ဖြစ်ပါတယ်။

Google

သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲဟာ ပရိသတ်တွေ အားလုံးကို ဝမ်းသာပျော်ရွှင်စေခဲ့သလို သားဦးလေး ရရှိပိုင်ဆိုင်သွားပြီဆိုတဲ့ သတင်းဟာလည်း ပရိသတ်တွေကို ဝမ်းမြောက်ပျော်ရွှင်စေခဲ့ပါတယ်။

Google

မကြာသေးမီက Park Shin Hye နဲ့ Choi Tae Joon တို့ရဲ့ သားလေး နာမည်ဟာလည်း ပရိသတ်တွေကို စိတ်ဝင်စားမှု မြင့်တက်သွားစေခဲ့ပါတယ်။  Park Shin Hye နဲ့ Choi Tae Joon တို့ရဲ့ သားလေး နာမည်က Choi Joo Won လို့သိရပြီး ဖခင်ရဲ့ မျိုးရိုးနာမည် Choi ကို ယူထားတာဖြစ်ပါတယ်။ ကလေးလေးရဲ့ နာမည်လေးက အရမ်းလှတာကြောင့် ပရိသတ်တွေက အရမ်းကို ချစ်နေကြပါတယ်။

Google
Google

Park Shin Hye နဲ့ Choi Tae Joon တို့က သူတို့ရဲ့ သားဦးလေးကို မေလ ၃၁ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်တာကြောင့် လက်ရှိမှာ သားလေးရဲ့ အသက်က ၃ လလောက်ရှိနေပြီပဲဖြစ်ပါတယ်။

Google

ချစ်ဖို့ကောင်းတဲ့ နာမည်လေး အပေးခံရတဲ့ Park Shin Hye နဲ့ Choi Tae Joon တို့ရဲ့ သားလေးနာမည်ကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။